images
UN
UN
(၃၁)နှစ်မြောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှစ်ပတ်လည်နေ့ ကြိုဆိုလှုပ်ရှားမှု အခမ်းအနားကျင်းပ
Wednesday, 11 September 2019
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၃၁) နှစ်မြောက်ပါတီနှစ်ပတ်လည်နေ့အကြိုလှုပ်ရှားမှုအဖြစ် ယမန်နေ့မွန်းလွဲ ၁၂နာရီခွဲက ပါတီဌာနချုပ်၌ အလုပ်သမားကော်မတီကြီးက ပါတီရန်ပုံငွေ လှူဒါန်းပွဲနှင့် ပါတီအကြီးအကဲများပုံကျောက်စီ ပန်းချီကားများ ပေးအပ်ပွဲကို ကျင်းပခဲ့သည်။အခမ်းအနားသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေ၊ အထွေထွေ အတွင်း ရေးမှူးဦးသိန်းထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးထွန်းရီ၊ ဦးနေဝင်း နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ အလုပ်သမားကော်မတီကြီး ကော်မတီဝင်များနှင့် ကော်မတီကြီးများမှ ကော်မတီဝင်များ တက်ရောက် ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် အလုပ်သမားကော်မတီကြီး တာဝန်ခံ ဒေါ်မြင့်မြင့်ဆွေက ပါတီအကြီးအကဲများပုံ ကျောက်စီပန်းချီကားများ ပေးအပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အလုပ်သမား ကော်မတီဝင်များက ပါတီရန်ပုံငွေနှင့် ပါတီအကြီးအကဲကြီးများပုံကျောက်စီပန်းချီကားများကိုပေးအပ်ရာပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေ၊ အထွေထွေအတွင်းရေးမှူး ဦးသိန်းထွန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းရီ၊ ဦးနေဝင်း၊ အလုပ်သမား ကော်မတီ ကြီးတာဝန်ခံ ဒေါ်မြင့်မြင့်ဆွေတို့က လက်ခံရယူပြီးနောက် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။