images
UN
UN
ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်
လှမင်းထွဋ်(ငပုတော) Thursday, 12 September 2019
ဧရာဝတီတိုင်းဒေသကြီး ငပု တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများအနေ ဖြင့်ကျောင်းသား၊ကျောင်းသူများ အားကျန်းမာကြံ့ခိုင်သော ကျောင်း သားလူငယ်များဖြစ်လာစေရေး အတွက် ကျန်းမာရေးစစ်ဆေးပေး ခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ပိုင်းက မြို့ပေါ်ရှိ စဥ့်အိုးဖို(အောက်) အမကကျောင်းနှင့်ဘုံကျော်ဘုန်း တော်ကြီးသင်ပညာရေးကျောင်း သို့သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့်ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင် ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များက ကျောင်းသား၊ကျောင်းသူ များအား သွားတိုက်ပုံနည်းစနစ် များ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အတွက် လက်ဆေးနည်းများနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် အတွက် လိုက်နာကျင့်သုံးရမည့် ကျန်းမာရေးအသိပညာဗဟုသုတ များ၊သွားတိုက်ပုံသွားတိုက်နည်း များကိုအသိပညာပေးဟောပြောခဲ့ ပြီး သွားတိုက်တံများကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား အရပ် တိုင်းခြင်း၊ပေါင်ချိန်ခြင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေးစစ်ဆေး၍ သွားနုတ်ပေးခြင်း၊သံဓာတ်အား နည်းရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊အရေပြား ရောဂါနှင့် အထွေထွေကျန်းမာရေး များကို စစ်ဆေးပေးခဲ့ပြီး ကျန်းမာ ရေးအတွက်လိုအပ်မည့် ဆေးဝါး များကိုလည်းသောက်သုံးရန် အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။