ရေနွေးကြမ်း ပုံမှန်သောက်သုံးပါက အသက်အရွယ်ကြောင့်ဖြစ်ပေါ်သည့် အားနည်းမှုများလျော့ကျဟု တွေ့ရှိ
Monday, 16 September 2019
စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ရပ် အရ လက်ဖက်ခြောက် သို့မဟုတ် လက်ဖက်စိမ်းဖြင့် ပြုလုပ်ထားသော ရေနွေးကြမ်းအား ပုံမှန်သောက်သုံးသူများသည် အသက်အရွယ်ကြောင့် ဖြစ်ပေါ်သည့်အားနည်းမှုများနှင့် ထိခိုက်မှုများကို လျှော့ချနိုင်သည်ဟု တွေ့ရှိခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပညာရှင်များသည် အသက် ၆ဝ နှင့်အထက်ရှိသော ပူးပေါင်းပါဝင်သူ ရာဂဏန်းခန့်အားMRI Scans ဖတ်ကာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တွေ့ရှိလာသော အချက်များ ကို လေ့လာသုံးသပ်ခဲ့ရာတွင် ရေနွေးကြမ်းပုံမှန်သောက်သုံးသူများသည် မသောက်သုံးသူများနှင့်နှိုင်းယှဉ်ပါက အသက်အရွယ်ကြောင့် ဖြစ်ပေါ် သည့် အားနည်းမှုများနှင့် ထိခိုက်မှုများဖြစ်ပေါ်မှု သိသိသာသာနည်းပါး ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ဖက်အတွင်း၌ ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အခြားအကျိုးပြုဓာတ်များသည် အသက် အရွယ်ကြောင့် ဖြစ်ပေါ်လေ့ရှိသည့် ခန္ဓာကိုယ်၏ ချို့ယွင်းမှုများကို လျှော့ချ နိုင်သည်ဟု ယခင်ကတည်းက တွေ့ရှိထားခဲ့ကာ ဆီးချိုကဲ့သို့ ရောဂါ မျိုးကိုပါ လက်ဖက်တွင်ပါဝင်သည့် အကျိုးပြုဓာတ်များက ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားသည်။ NG(Ref; AP)