images
UN
UN
မတ္တရာမြို့နယ်တွင် အမျိုးသမီးတစ်ဦးရေနစ်သေဆုံး
စိုးကျော်သူထွေး(မတ္တရာ) Monday, 16 September 2019
ပြင်ဦးလွင်ခရိုင် မတ္တရာ မြို့နယ် သပြေလှကျေးရွာရှိ ရေ မြောင်းအတွင်း၌ ယမန်နေ့က အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး ကြောင်းသိရသည်။
အမျိုးသမီးတစ်ဦးရေနစ်သေ ဆုံးကြောင်းသတင်းအရမြို့မစခန်း မှူး ဒုရဲမှူးပြေဦး ဦးစီးသောတပ်ဖွဲ့ ဝင်များသည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဆိတ်သာ ကျေးရွာအုပ်စု သပြေလှကျေးရွာ အတွင်းရှိ နံ့သာဖြူလယ်ကြား မြောင်းစပ်တွင် မစန္ဒာအောင် (၂၁နှစ်)သည် ဟင်းရွက်များထည့် ထားသောလွယ်အိတ်ကိုလွယ် ထားကာ ပက်လက်အနေအထား ဖြင့်ပြင်ပဒဏ်ရာမရှိဘဲ ရေနစ် သေဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းမေးမြန်းရာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူမောင်ကြိုင်က ၄င်း၏ ဇနီးဖြစ်သူသည် နံနက်၈နာရီက ဟင်းရွက်ခူးရောင်းရန်ထွက်သွား ပြီး ၁၁နာရီထိ ပြန်ရောက်မလာ သဖြင့် လိုက်လံရှာဖွေရာရေနစ်သေ ဆုံးနေသည်ကိုတွေ့ရသဖြင့် ကျေး ရွာအုပ်ချုပ်ရေးမှူးထံအကြောင်း ကြားခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ အတက်ရောဂါဝေဒနာသည်ဖြစ် ပြီး မကြာခဏ အတက်ရောဂါ ဖြစ်ပွားတတ်ကြောင်း ပြောပြခဲ့ သည်။ အလောင်းအား မတ္တရာ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်။
အဆိုပါ အမှုမှ မစန္ဒာအောင် သေဆုံးရခြင်းနှင့်ပတ်သက်၍မတ္တရာ မြို့မစခန်းမှအမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။