images
UN
UN
ပညာအသိတိုးပွားအောင် ကြိုးစားကြပါ
တက္ကသိုလ်သင်္ခ Tuesday, 17 September 2019
လောကကြီးတွင် လူရယ်လို့ဖြစ်လာ လျှင် လူတိုင်း၌ ကိုယ်စီတာဝန်ရှိကြ၏။ ဥပမာ လယ်သမားသည် စပါးစိုက်ပျိုးရန် တာဝန်ရှိ၏။ စက်ရုံအလုပ်သမားသည် ကုန်ပစ္စည်းများထုတ်လုပ်ရ၏။ ကျောင်း သားကျောင်းသူဆိုလျှင် ကျောင်းမှန်မှန် တက်၍ စာမေးပွဲအောင်ရန်ကြိုးစားရ၏။ သူ့နေရာနှင့်သူအဖိုးတန်သောသူအဖြစ် သိစေချင်၊မြင်စေချင်ရန် အားထုတ်ကြရ ၏။ ဤသည်မှာ လူ့တာဝန်ပင်ဖြစ်ပါ၏။
သို့ရာတွင် ဘဝဆိုသည်မှာ မည်သူ့ ကိုမျှ မျက်နှာသာပေးလေ့မရှိပေ။ မည် သည့်အရာကိုမျှ လွယ်လွယ်နှင့်ရရိုးထုံးစံ မရှိ။ အောင်မြင်ရိုး ထုံးစံမတွေ့ရ။ ယနေ့ အသက်ရှင်နေကြသူလူတို့တွင် လူငယ် လည်း လူငယ်အလျောက်၊ လူကြီးလည်း လူကြီးအလျောက် သူ့နေရာနှင့်သူအရေး ပါ၏။
ဆိုကြပါစို့။ လူတစ်ဦးသည် ဖွံ့ဖြိုး တိုးတက်မှုရှိလျှင် သူ့မိသားစုလည်းကြီး ပွားမည်။ တစ်ဦးတစ်ယောက်သည် တတ်သိလိမ္မာပါက ၄င်းနှင့်ဆက်နွှယ်နေ သောမိသားစု၊ ၄င်းနေထိုင်သည့်ရပ် ကွက်၊ ကျေးရွာမှသည် နိုင်ငံတော်အထိ အေးချမ်းသာယာဖွံ့ဖြိုးနိုင်သည်။
ထို့ကြောင့် လူတိုင်းသည် ပြည့်စုံ ခြင်း၊ ပေါများခြင်း၊ြ<ွကယ်ဝခြင်းအကျိုး ကို မျှော်ကိုးကြသည်ချည်းဖြစ်ပါ၏။ လူ၊ နတ်၊ ဗြဟ္မာတို့၏ ရှိခိုးပူဇော်မှုကို ခံယူ တော်မူထိုက်သော မြတ်စွာဘုရားတွင် 'ဂုဏ်တော်ကိုးပါး'ရှိ၏။ ယင်းဂုဏ်တော် ကိုးပါးကို အများသိပြီးဖြစ်၍ အကျယ် မဖော်ပြလိုတော့ပေ။ ယင်းဂုဏ်တော်ကိုး ပါးတွင် တတိယဂုဏ်တော်ဖြစ်သည့် ''ဝိဇ္ဇာစရဏသမ္ပန္နော''ဂုဏ်တော်နှင့် ပတ်သက်၍ အလေးထားဖော်ပြလိုပါ၏။
''ဝိဇ္ဇာ''ဆိုသည်မှာအသိဥာဏ်ပညာ ကို ခေါ်သည်။ ''စရဏ''ဆိုသည်မှာ အကျင့်ဖြစ်၏။ ''သမ္ပန္န''မှာ ပြည့်စုံ ခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်သည် အသိÓဏ်ပညာလည်းရှိ၏။အကျင့်မြတ် ''ဓမ္မ''လည်းရှိ၏။ ယင်းအသိÓဏ်နှင့် အကျင့်ကြောင့်လည်းကောင်း၊ ဝိဇ္ဇာနှင့် စရဏကြောင့်လည်းကောင်း''သမ္ပန္န'' ဟုခေါ်သည့်တန်ခိုးသိဒ္ဓိများရရှိတော်မူ ခြင်းဖြစ်လေသည်။
ယနေ့ကာလသည် ဗုဒ္ဓသာသနာထွန်း ကားသော ခေတ်ကောင်း၊ အချိန်ကောင်း၊ အခါကောင်းဖြစ်သည်။ ကုသိုလ်ပြုရန်၊ ကျောင်းသားများပညာသင်ရန်၊ စီးပွား ရေးအတွက် ငွေရှာရန် သင့်မြတ်သော အချိန်ဖြစ်၏။
လူတို့သည် ကျန်းမာ ချမ်းသာပြီး သက်တမ်းစေ့နေနိုင်ရေးအတွက် ဘုရား ရှင်၏''ဝိဇ္ဇာစရဏသမ္ပန္နော''ဂုဏ်တော် ကို ရှိခိုးပူဇော်ကြည်ညိုကာ အသိဓာတ် များ၊ အကျင့်ဓာတ်များရယူနိုင်ကြသည်။
ဆိုရပါလျှင် ကျန်းမာရေးအတွက် ကျန်းမာရေးအသိဗဟုသုတရှိပြီး ထိုအသိ ကို အကျင့်ဖြင့်တွဲရပေမည်။ ဥပမာ နံနက်အိပ်ရာထချိန် ရေသောက်လျှင် ဝမ်းမှန်ဆီးမှန်သည်ဟူသောအသိကို မှန် မှန်လုပ်ဆောင်လျှင် ကျန်းမာရေးအကျိုး များရရှိကြမည်ဖြစ်သည်။ ကျောင်းသား တစ်ဦးသည် နေ့စဉ်မှန်မှန်စာကျက်လျှင် စာမေးပွဲဖြေဆိုနိုင်မည်ဖြစ်ပြီး အောင် မြင်မှုရလဒ်ကို ရရှိနိုင်မည်ဖြစ်သည်။
လူငယ်များသည် အနာဂတ်ခေါင်း ဆောင်များဖြစ်သည်ဟူသော ဆိုစကား နှင့်အညီ လူငယ်များသည်မကောင်းမှု ၏သားကောင်များဖြစ်မသွားရန် တရား အသိရှိရမည်။ ဆင်ခြင်သတိရှိရမည်။
မန်လည်ဆရာတော်က''မာဃဒေဝ လင်္ကာသစ်''တွင်
''ကြားဖူးနားဝ၊ သုတလောက်င
ပြည့်ဝလျှံအောင်၊ နာခံမှတ်သား
သင်ကြားကြံမေး၊ ဆွေးနွေးအောင်ပြု
ရတိုင်းစုလော့''
ဟူ၍ လမ်းညွှန်ထားသည်။

ဆိုရလျှင် အချိန်နာရီတို့သည် အတား အဆီးမရှိဘဲ တရွေ့ရွေ့သွားနေ၏။ အချိန် တို့သည် ကုန်မှန်းမသိကုန်သွား၏။ အချိန် ၏တန်ဖိုးသည် လူတို့၏သိစိတ်၊ မသိ စိတ်တို့အပေါ်တွင် မူတည်နေ၏။
လူတို့သည် အရာရာ၌ ဉာဏ်ပညာ လည်းရှိရကြောင်း၊ အသိလည်းမြဲရမည် ဖြစ်ကြောင်း၊ စီးပွားရေး၊ ကြီးပွားရေး ကိစ္စများ၌လည်း သင့်မြတ်လျော်ကန် ဖြောင့်မှန်သောအကျင့်ကို ကြိုးစားကျင့် ဆောင်သင့်ကြောင်းကို မာဃဒေဝလင်္ကာ သစ်တွင် ''ငါ့သားလိမ္မာ၊ အရာရာ၌ ပညာလည်းရှိ၊ သတိလည်းမြဲ၊ ယူစွဲ တရား၊ လွတ်မမှားနှင့်၊ စီးပွားအရာ၊ ချမ်းသာမချွတ်၊ ဖြစ်စေတတ်လျက်၊ သင့်မြတ်လျော်ကန်၊ တော်ဖြောင့်မှန် တည့်၊ အပဏ္ဍက၊ ကျင့်ကိစ္စ၌၊ လုံ့လကို သာဖြစ်စေရာ၏''ဟူ၍ ညွှန်းဆိုထား သည်မှာလည်း မှတ်သားကျင့်ကြံဖွယ် ဖြစ်ပါ၏။
နေထွက်မှနေဝင်ချိန်ထိတိုင် စားဝတ် နေရေးအတွက် လူအများလှုပ်ရှားသွား လာနေကြရ၏။ အချို့လူတို့သည် နံနက် စောစောဈေးဝယ်သူမလာမီ ဈေးဆိုင်ဖွင့် ရန်ပြင်ဆင်ကြ၏။ ကျောင်းသားလေးများ သည် နံနက်မိုးလင်းသည်နှင့် ကျောင်းချိန် အမီပြေးကြရ၏။ စက်ရုံအလုပ်သမားများ ဆိုလျှင်လည်း ထိုနည်းအတိုင်းပင်။ ခရီး သည်ပို့ဆောင်ရေးကို ဖြည့်ဆည်းပေး လျက်ရှိကြသည့် ရထားဝန်ထမ်းများ၊ ယာဉ်မောင်းသူများသည် မိုးမလင်းခင် ကပင် မိမိတို့၏လုပ်ငန်းခွင်သို့ ဝင်ကြရ ၏။ ရည်ရွယ်ချက်အသီးသီးရှိသူတို့သည် စောစောစီးစီးအိပ်ရာထကြရ၏။
ရည်ရွယ်ချက်ရှိသော်လည်း ပေါ့ပေါ့ နေ၊ ပေါ့ပေါ့စားသူတို့သည် မနက်အိပ် ရာမထသေးဘဲ အပျင်းလိမ်၍ ကောင်း တုန်းပင်။ ဤသည်မှာ လူအမျိုးမျိုး၊ ဘဝ အဖုံဖုံ၊ အနေအထားအစုံစုံဟုပင် ဆိုရပေ မည်။
အသိတရားရှိခြင်း မရှိခြင်း၊ အတတ် ပညာရှိခြင်းမရှိခြင်းတို့ကြောင့် လူချင်း တူသော်လည်း ကြိုးစားအားထုတ်မှုမတူ ကြခြင်းပင်ဖြစ်သည်။ အတတ်ပညာဟု ဆိုရာတွင် ဘွဲ့၊ ဒီဂရီကိုမဆိုလိုပေ။ အသက်မွေးဝမ်းကျောင်းပညာသည်လည်း အတတ်ပညာပင်ဖြစ်၏။ ဥပမာ ယာဉ် မောင်းသူတွင်လည်း သူ့ပညာနှင့်သူရှိ သည်။ ဈေးရောင်းမှု၊ ထမင်းဟင်းချက် မှုစသည်တို့တွင်လည်း ကျွမ်းကျင်မှု အတတ်ပညာရှိ၏။ အလားတူ မုန့်ဖုတ် ခြင်း၊ ဇာထိုးပန်းထိုးခြင်း၊ အချုပ်အလုပ် ပညာစသည်ဖြင့် အမျိုးမျိုးရှိ၏။ ဆိုရ လျှင် မိမိ၌ရှိသည့်ငွေကျပ်တစ်ထောင်ကို အကုန်မသုံးဘဲ ခွဲခြမ်းစိတ်ဖြာသုံးတတ် မှုသည်လည်း ပညာတစ်ခုပင်ဖြစ်သည်။
သို့ဖြစ်၍ လူတို့သည် ကျန်းမာခြင်း၊ ချမ်းသာခြင်းသုခနှင့် ပြည့်စုံအောင် ''ဝိဇ္ဇာ''ဟုခေါ်သောအသိတရား၊ အသိ ဥာဏ်ကို ခွဲခြမ်းစိတ်ဖြာတတ်သည့် ပညာ အသိများ ရှိအောင်ကြိုးစားရပေမည်။ ထို့ပြင် ''စရဏ'' ဟုခေါ်သော ကျင့်မှု၊ အလေ့အကျင့်တို့ကို မှန်ကန်စွာပြုလုပ်ကြ ဖို့လိုသည်။ အလေ့အကျင့်ကိုမှန်မှန် လုပ် နိုင်ပါမှ ပြည့်စုံမှုသည်ဖြစ်လာနိုင်မည် ဖြစ်သည်။