images
UN
UN
ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
မောင်ခိုင်ဖြိုး(ပန်းတနော်) Tuesday, 17 September 2019
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှကြီးမှူးကျင်းပသော ရပ်ကျေး ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီမှ ၁ဝနာရီခွဲအထိ ပန်းတနော် မြို့နယ် အိုးဘိုကျေးရွာအုပ်စု၌ ကျင်းပခဲ့ ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပန်းတနော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်း သန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် များ၊ ကျေးရွာပါတီဝင်များ တက်ရောက် ခဲ့ကြပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကိုရှင်းလင်းပြောကြားခြင်း၊ ကျေးရွာမှလိုအပ်သည်များကို ဆွေးနွေး တင်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိ ရသည်။