images
UN
UN
ရီးရဲလ်မက်ဒရစ်နှင့်ပွဲကို ပါဝင်နိုင်မည်မဟုတ်ကြောင်း အမ်ဘာပေးဖွင့်ဟ နေမာ၏ ချန်ပီယံလိဂ်ပွဲပယ်ပြစ်ဒဏ်လျှော့ချပေးခြင်းခံရ
Tuesday, 17 September 2019
ပီအက်စ်ဂျီတိုက်စစ်မှူး အမ် ဘာပေးက ရီးရဲလ်မက်ဒရစ်နှင့် ကစားမည့်ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်နိုင်မည်မဟုတ်ကြောင်း တွစ် တာမှတစ်ဆင့် ရေးသားဖွင့်ဟခဲ့ သည်။အသက် ၂၁နှစ်သာ ရှိသေး သော အမ်ဘာပေးသည် ပြီးခဲ့သော လတွင်ရရှိခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့် ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်ကို မပါဝင်နိုင်ခြင်းလည်း ဖြစ်သည်။
''မက်ဒရစ်နဲ့ကစားမယ့် အိမ် ကွင်းပွဲစဉ်ကို ကျွန်တော် ပါဝင်နိုင် ဖို့ မရှိတာကတော့ သေချာသွား ပါပြီ။ဒီလိုမျိုးမပါဝင်နိုင်တဲ့အတွက် အရမ်းပဲဝမ်းနည်းရပါတယ်။ဒါပေမဲ့ ကျွန်တော့်ရဲ့ အသင်းကို အပြည့် အဝအားပေးသွားမှာပါ။ မကြာမီ မှာ ရာနှုန်းပြည့်ပုံစံမျိုးနဲ့ ပြန်လာ နိုင်မယ်လို့ မျှော်လင့်ထားပါတယ်'' ဟု အမ်ဘာပေးက ၄င်း၏ တွစ်တာ အကောင့်တွင် ရေးသားဖွင့်ဟခဲ့ သည်။
ထို့ကြောင့် ပီအက်စ်ဂျီ၏ အဓိက ကစားသမားနှစ်ဦးဖြစ်သော အမ် ဘာပေးနှင့် နေမာတို့နှစ်ဦးစလုံး မပါဝင်နိုင်ဘဲ ရီးရဲလ်အား ရင်ဆိုင် ရတော့မည်ဖြစ်သည်။ နေမာသည် ပြီးခဲ့သောရာသီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် မန်ယူကို ရှုံး ပြီးနောက် ဒိုင်များ၏စွမ်းဆောင် ရည်နှင့်ကွင်းလယ်ဒိုင်အထောက် အကူပြုနည်းပညာဠဗျွ အား ဝေဖန် ခဲ့ခြင်းကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်က ချန်ပီယံလိဂ် သုံးပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံထားရသူဖြစ် သည်။ သို့သော် ပီအက်စ်ဂျီအသင်း သည် အဆိုပါဆုံးဖြတ်ချက်ကို ဆန့် ကျင်၍ ကမ္ဘာ့အားကစားခုံရုံးသို့ အယူခံဝင်ခဲ့သည်။ အယူခံကော် မတီက သုံးပွဲပယ်ပြစ်ဒဏ်မှ နှစ် ပွဲပယ်ပြစ်ဒဏ်သို့ လျှော့ချပေးခဲ့ သော်လည်း နေမာသည် လာမည့် အောက်တိုဘာ ၂၂ ရက်တွင် ဘရု ဂျက်နှင့်ယှဉ်ပြိုင်ရမည့် အဝေးကွင်း ပွဲစဉ်မှသာ ပြန်လည်ပါဝင်ခွင့်ရရှိ မည်ဖြစ်သည်။
Ref;Dailymail