images
UN
UN
အရက်အလွန်အကျွံသောက်သူ ရေနစ်သေဆုံး
ကိုကျော်(သုံးခွ) Wednesday, 18 September 2019
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် ဒေါင့်ကြီးကျေးရွာတွင် ယခုလ၁၆ရက်နံနက်၁၁နာရီခန့်က လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ကတုံးပေါ် နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်း ညွန့်နှင့်တပ်ဖွဲ့ဝင်များသည် သက် သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သက်နိုင်(ခ)သက်နိုင် ဦး (၃၄နှစ်) ဒေါင့်ကြီးကျေးရွာ ထုံးကြီးကျေးရွာအုပ်စု သုံးခွမြို့ နယ်နေသူမှာ ရေမြောင်းအတွင်း ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ ရှိရဘဲ ရေနစ်သည့်လက္ခဏာဖြင့် ရေနစ်သေဆုံးနေကြောင်း တွေ့ရှိ ရသည်။ သေဆုံးသူသည် လေ ဖြတ်ဝေဒနာကြောင့် ကိုယ်အောက် ပိုင်းမသန် (လမ်းလျှောက်နိုင်သူ) သူဖြစ်ကာ အရက်အလွန်အကျွံ သောက်လေ့ရှိပြီး ယခုလ ၁၆ရက် နံနက်၉နာရီခန့်က နေအိမ်မှထွက်ခွာ သွားပြီး ပြန်မလာသဖြင့် လိုက်လံ ရှာဖွေရာမှ ဒေါင့်ကြီးကျေးရွာ တောင်ဘက်ထိပ် အောင်သာဒါန်း- လက်ပံကျိုး ကားလမ်းဘေး အကျယ်ပေ ၂ဝ၊ အနက်ပေ ၁၂ ခန့်ရှိ ရေမြောင်းအတွင်းရေနစ် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ညီဖြစ်သူ စိုးမင်းနိုင်(၂၉နှစ်)၏ ပြောပြချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် ကတုံးပေါ်နယ် မြေရဲစခန်းမှသေမှုသေခင်းအမှတ် ၄/ ၂ဝ၁၉ ဖြင့် အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။