images
UN
UN
လွိုင်ကော်မြို့ နယ် ပါလောင်းကျေးရွာ၌ တပ်မတော်မှ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
WT Friday, 20 September 2019
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကယားပြည်နယ် လွိုင်ကော်မြို့ နယ် ပါလောင်းကျေးရွာနှင့် ပတ် ဝန်းကျင်ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေး ရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့မှ ဒေသခံတိုင်းရင်းသားပြည်သူ ၁၂ဝတို့ကိုသွားနှင့်ခံတွင်း ရောဂါ၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။