images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ပဉ္စမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂ဝ၁၉)နှင့်ပတ်သက်၍ သတင်းစာရှင်းလင်း
Friday, 20 September 2019
(ယမန်နေ့မှအဆက်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဉ္စမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂ဝ၁၉)နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏မေးမြန်းမှုများနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ပြန်လည် ဖြေကြားမှုများကို ရေးသားဖော်ပြလိုက်ပါသည်။

DVB
ပါတီရဲ့ အနိုင်တစ်ခုတည်းနဲ့ အစိုးရ မဖွဲ့ရင်တောင် အစိုးရဖွဲ့ဖို့အတွက် ဦး ဆောင်တဲ့ပါတီတစ်ခုအနေနဲ့ ဖွဲ့နိုင်တဲ့အထိ အနိုင်ရဖို့မျှော်မှန်းထားတယ်လို့ ဆိုလိုတာ လားခင်ဗျ။
ဦးသိန်းထွန်းဦး(ပြောရေးဆိုခွင့်ရှိသူ)
အဲဒီလို မျှော်လင့်ပါတယ်။ တကယ် လို့ အမျိုးသားရေးညွန့်ပေါင်းအစိုးရကို ဖွဲ့ရင်တောင်မှ ပြည်ခိုင်ဖြိုးကိုလာပြီး ကမ်းလှမ်းပြီးတော့ လုပ်ရမယ့် အဆင့်မျိုး အထိ ပြည်ခိုင်ဖြိုးက အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
DVB
နောက်တစ်ခုက ဒါ တခြားက ကြားတာပေါ့နော်။ ဒီတခြားပါတီက ပါတီဝင်တွေက ပြည်ခိုင်ဖြိုးကို ကူး ပြောင်းဖို့ရှိတယ်ဆိုပြီး ကြားနေရတာ ရှိပါတယ်။ အဲဒီအတွက် လာပြီးကမ်း လှမ်းတာမျိုးရော ရှိလား။
ဒေါက်တာနန္ဒာလှမြင့်(ပြောရေးဆိုခွင့်ရှိသူ)
မရှိပါဘူး။
ဧရာဝတီ
အရင်အမျိုးသားလွှတ်တော်တုန်းက ကိုယ်စားလှယ်တွေက အရင် ပါတီဝင် အဟောင်းတွေက ပါတီကို ပြန်ဝင်လာ တယ်လို့ ကြားရပါတယ်။ အဲဒီအပေါ် ပြောပေးပါဦး။
ဒေါက်တာနန္ဒာလှမြင့်(ပြောရေးဆိုခွင့်ရှိသူ)
ပြန်ဝင်လာတာမဟုတ်ပါဘူး။ ယခင် ပါတီရဲ့ခွင့်ပြုချက်နဲ့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့တယ်။ ပြိုင်ကတည်းကိုက ပါတီရဲ့ ခွင့်ပြုချက်နဲ့ ပြိုင်ခဲ့တာ။ အခု ညီလာခံပြီးတဲ့နောက်ပိုင်းမှာ ဗဟိုအတိုင် ပင်ခံအဖွဲ့တွေ ဖွဲ့တဲ့အချိန်မှာ ပါတီရဲ့ဗဟို အတိုင်ပင်ခံအဖြစ် ၂ဝ၁၆ ပါတီညီလာခံ ကတည်းက ဗဟိုအတိုင်ပင်ခံအဖြစ် ပါဝင်လာခဲ့တာပါ။ အစကတည်းက ရှိခဲ့ပြီးသား သို့သော်လည်း ပါတီကို ဦးဆောင်တာက ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ဥက္ကဋ္ဌက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဦးဆောင်တာ။ အတိုင်ပင်ခံအဖွဲ့ဆိုတာ က ဒီလိုအခမ်းအနားတွေမှာ ဖိတ်ကြား မယ်။ လိုအပ်ရင် အကြံÓဏ်တွေ ပေးမယ်။ ဒီလောက် အနေအထားပဲ။ တကယ်တမ်း ဦးဆောင်တာက ဦးသန်း ဌေးဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ ကပဲ အလုံးစုံ ဦးဆောင်ပြီးတော့ ၂ဝ၂ဝ အောင်နိုင်ရေးအတွက် ဦးစီးဦးဆောင်ပြု သွားတာ။ ကျန်တဲ့ အတွေ့အကြုံရှိတဲ့ လူကြီးဟောင်းတွေကတော့ ဗဟိုအတိုင် ပင်ခံအဖြစ် အကြံÓဏ်ပေးတာလို့ ဆွေး နွေးပေးတာတို့ ရှိတာပေါ့။



General Life News
လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံအရ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် အဆင်ပြေနိုင်ပါ့ မလား။ လက်ရှိ ပါတီကြီးနှစ်ခုယှဉ်လိုက် ရင် ပြည်ခိုင်ဖြိုးပါတီက အားနည်းနေ တယ်လို့ ပြောကြတယ်ပေါ့။ အဲဒီအပေါ် လေး ပြောပြပေးပါ။
ဒေါက်တာနန္ဒာလှမြင့်(ပြောရေးဆိုခွင့်ရှိသူ)
ဆရာမေးတဲ့ မေးခွန်းမှာကိုက ရွေး ကောက်ပွဲကော်မရှင်က မယုံကြည်ရဘူး လို့ ခံစားချက်ရှိလို့ မေးတဲ့သဘောဖြစ်နေ တယ်။ အဲဒီသဘောပါပဲ။ ကျွန်တော်တို့ လည်းမယုံပါဘူး။ ကျွန်တော်တို့မှမဟုတ် ပါဘူး။ ဘယ်နိုင်ငံရေးပါတီမှ ရွေးကောက် ပွဲကော်မရှင်အပေါ် ယုံကြည်မှုရှိမနေသေး ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့က ဖြစ်စဉ်တွေ တောက်လျှောက်သုံးသပ်ကြည့် တယ်လေ။ သို့သော် ကျွန်တော်တို့က အကောင်းဆုံးကို မျှော်လင့်ပြီးတော့ ကြိုး စားရမှာပဲ။ ကျွန်တော်တို့လုပ်ရမယ့်အလုပ် ကို အဆုံးစွန်ထိ အကောင်းဆုံးကြိုးစား သွားရမှာပဲ။ ဒီ Free and Fair ဖြစ်ဖို့ အတွက်က ရွေးကောက်ပွဲကော်မရှင်အနေ နဲ့ သမာသမတ်ရှိဖို့ ဂုဏ်သိက္ခာရှိဖို့ ကျွန် တော်တို့ အမြဲတမ်း တောက်လျှောက် ဂုဏ်သိက္ခာရှိစွာနဲ့ နိုင်ငံတကာအသိအမှတ် ပြုတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေး ကောက်ပွဲကြီးဖြစ်ဖို့ ကြိုးစားပေးပါလို့ နိုင်ငံရေးပါတီတွေက တောက်လျှောက် တောင်းဆိုနေတယ်။ ရှေ့မှာဖြစ်ခဲ့တဲ့ဖြစ်စဉ် မျိုးတွေမဖြစ်အောင် အငြင်းပွားမှုတွေမှာ ဥပဒေနဲ့အညီဖြစ်ဖို့အတွက် ကျွန်တော်တို့ တောက်လျှောက်ပြောနေတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိပုဂ္ဂိုလ် တွေအနေနဲ့ကတော့ ကိုယ့်သမိုင်းကိုယ်ရေး ရမှာဖြစ်တဲ့အတွက် သမိုင်းကို အလှပဆုံး၊
အကောင်းဆုံးဖြစ်အောင်ရေးပါလို့ တိုက် တွန်းရမှာပေါ့လေ။ နောက်တစ်ခုကတော့ ကိုယ်တာဝန်ယူခဲ့ရရင်လည်း ရွေးကောက် ပွဲကော်မရှင်ဥပဒေကို ပြန်ပြင်သွားမယ်။ လက်ရှိနိုင်တဲ့ ပါတီအစိုးရကနေ ခန့်တဲ့ ဟာမျိုးမဟုတ်ဘဲနဲ့ လွှတ်တော်ကနေ ခန့် တဲ့ပုံစံမျိုး ဒီရွေးကောက်ပွဲကို လွတ်လပ် ပြီး တရားမျှတစွာ ဆောင်ရွက်ဖို့အတွက် ပြန်လည်ပြင်ဆင်သွားမယ်လို့ ဒီနေရာက နေပြောချင်ပါတယ်။
ဒေါက်တာနန္ဒာလှမြင့်(ပြောရေးဆိုခွင့်ရှိသူ)
ဒီမှာကျွန်တော်ကြုံတုန်းတစ်ဆက်တည်း တင်ပြစရာရှိပါတယ်။ အခုကျွန်တော်တို့ ဗဟိုကော်မတီအစည်းအဝေးကျင်းပတယ် ဆိုတဲ့နေရာမှာ ကျွန်တော်တို့ရည်ရွယ်ချက် ထဲမှာလည်း အားလုံးသိပြီးဖြစ်သလို တစ်ပိုင်းကတော့ ကျွန်တော်တို့ဟာ နိုင်ငံ ရေးပါတီဖြစ်တယ်။ နိုင်ငံရေးပါတီဆိုတာ က ပြည်သူလူထုကယုံကြည်လို့ တာဝန် ပေးအပ်လာမယ်ဆိုရင် နိုင်ငံတော်နဲ့ ပြည် သူလူထုအကျိုးစီးပွားကို ကောင်းကောင်း မွန်မွန်စွမ်းအားအပြည့်နဲ့ တိုင်းပြည်နဲ့ လူမျိုးကို ဆွဲတင်သွားနိုင်ဖို့လိုတယ်။ ဒါ နိုင်ငံရေးပါတီတွေက နိုင်ငံတော်နဲ့ နိုင်ငံ သားအကျိုးကို အကောင်းဆုံး ကာကွယ် မြှင့်တင်ဆောင်ရွက်သွားနိုင်ဖို့လိုတယ်။ ဒီ အတွက် နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေက အင်အားတောင့် တင်းနေဖို့လိုတယ်။ မူဝါဒကောင်းတွေ ရှိနေဖို့လိုတယ်။ အရည်အချင်းပြည့်ဝတဲ့ သူတွေရှိနေဖို့ လိုတယ်။ ပြည်သူက တာဝန်ပေးရင် တာဝန်ယူနိုင်တဲ့၊ တာဝန်ခံ နိုင်တဲ့၊ ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိ နေတဲ့ စွမ်းအင်အရင်းအမြစ်ရှိတဲ့သူတွေ ရှိနေဖို့လိုတယ်။ အဲဒီလူတွေအတွက် လေ့ ကျင့်ရေးအစီအစဉ်တွေ ရှိနေဖို့လိုတယ်။
ဒါကြောင့် ဒီနေ့ ဗဟိုကော်မတီအစည်း အဝေးရဲ့ ရည်ရွက်ချက်တွေ၊ ဆွေးနွေးမှု တွေကြည့်မယ်ဆိုရင် ပါတီတွင်းစည်းလုံး ညီညွတ်မှုရှိဖို့ ပါတီဝင်တွေ ကျစ်လျစ် ခိုင်မာဖို့၊ စွမ်းရည်တွေ ပြည့်ဝစေဖို့ ကျွန်တော်တို့ ဆောင်ရွက်မယ့် လုပ်ငန်း တွေကို ကျွန်တော်တို့ ဆွေးနွေးတာကို တွေ့ရလိမ့်မယ်။ ဒုတိယတစ်ပိုင်းအနေနဲ့ ဒီကနေ့ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ လက်ရှိအခြေအနေ၊ ကျွန်တော်တို့ အစိုးရလက်ထက်တုန်းက တို့တွေ ဘယ်လိုလုပ်ပေးခဲ့တယ်။ နိုင်ငံ တော်နဲ့ နိုင်ငံသားအကျိုးအတွက် ဘယ် လို အရွေ့တစ်ခုကို ဆောင်ရွက်ပေးခဲ့ တယ်။ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်း ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး။ ထိုနည်းလည်း ကောင်းပဲ။ ဒီနေ့ ကျွန်တော်တို့ အတိုက် အခံဖြစ်သွားတယ်။ အတိုက်အခံ ဖြစ်သွား တဲ့အချိန်မှာ ဒီနေ့ အစိုးရရဲ့လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်မှု။ ကျွန်တော် တို့ အမြဲတမ်း လေ့လာနေတယ်။ ပြည်သူ တွေရဲ့ နိစ္စဓူဝရင်ဆိုင်နေရတဲ့ လူမှုစီးပွား ဒုက္ခတွေ တောက်လျှောက် ကြည့်နေရ တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ အစည်းအဝေးပွဲမှာ ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူတွေ ဒီနေ့ ရင်ဆိုင်နေရတာကို ကျွန်တော်တို့ ကောင်းကောင်းနားလည် တယ်။ ငြိမ်းချမ်းရေးဆိုင်ရာမှာရော ဘယ် လိုပုံစံတွေဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးရေး ဘယ်လိုဖြစ်နေတယ်။ လူမှု စီးပွားဘဝတွေ ဘယ်လိုဖြစ်နေတယ်။ ဘယ်ကဏ္ဍတွေမှာ ဘယ်လိုပြည်သူတွေ ရင်ဆိုင်နေရတယ်။ ဒါတွေကို ကျွန်တော် တို့ ဆွေးနွေးတဲ့နေရာမှာ အဖြေထွက် တယ်။ ဒါကြောင့် ကျွန်တော်တို့ ရည်ရွယ် ချက်က အဘက်ဘက်မှာယိုယွင်းပြီးတော့ နိမ့်ကျနေတဲ့ ကျွန်တော်တို့ ပြည်သူလူထု ဘဝကို အကောင်းဆုံး ပြန်လည်ကာကွယ် ဖို့ ကြိုးစားသွားမယ်ဆိုတဲ့ ဆွေးနွေးမှုကို တွေ့ရမှာဖြစ်တယ်။ နောက်တစ်ခါကျ တော့ ကျွန်တော်တို့တွေဟာ တစ်ဖက်က ပါတီ ခိုင်မာအင်အားတောင့်တင်းအောင်၊ စည်းလုံးညီညွတ်အောင်၊ ကျစ်လျစ်ခိုင်မာ အောင်စွမ်းရည်ပြည့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ လေ့ ကျင့်မှုအစီအစဉ်တွေရှိနေသလို၊ တစ်ဖက် ကလည်း ပြည်သူလူထုကသာ ယုံကြည် စွာတာဝန်ပေးခဲ့ရင် ဒီနိုင်ငံဒီလူမျိုးအတွက် ငါတို့ အလုပ်အကျွေးပြုဖို့အတွက် ငါတို့ ဒါတွေ ပြင်ဆင်ထားမယ်ဟေ့လို့ ဆွေးနွေး သွားတာကို တွေ့ရလိမ့်မယ်။ နောက် တစ်ခါ ပါတီနဲ့ပတ်သက်ပြီး ပုံဖျက်နေ တာတွေတွေ့ရလိမ့်မယ်။ ဘာပြောလဲ။ စစ်တပ်ပါတီ။ တစညလိုပဲ မျိုးဆက် တွေ မရှိတော့ဘူး။ ဒီနေ့ ပါတီဗဟိုကော် မတီအစည်းအဝေးကို ကြည့်လိုက်ပါ။ ဒီမတိုင်ခင်မှာ အမျိုးသမီး ညီလာခံတွေ ကျင်းပတယ်။ လူငယ် ညီလာခံတွေ ကျင်းပတယ်။ မျိုးဆက် သုံးလေးဆက် ကို မီဒီယာကနေတစ်ဆင့် ကျွန်တော်တို့ လှုပ်ရှားမှုတွေကနေတစ်ဆင့် ပြည်သူကို ချပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ ပါတီဝင်သန်းပေါင်းများစွာထဲမှာ လူငယ်သန်းပေါင်းများစွာရှိတယ်။ အမျိုး သမီးထု သန်းနဲ့ချီရှိတယ်။ သူတို့နဲ့ ထိုက် တန်တဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ညီမျှတဲ့နေရာတွေမှာ တံခါးဖွင့်ပေးထား တယ်။ ဒီနေ့ဗဟိုကော်မတီအစည်းအဝေး မှာ ၃၅ဝ သော ဗဟိုကော်မတီဝင်များ အစည်းအဝေး တက်တယ်။ ၃ဝဝ ကျော် အရပ်သားတွေချည်း ဖြစ်ပါတယ်။ တိုင်း နဲ့ ဒေသအသီးသီးလို ကိုယ်စားပြုတဲ့ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ဗဟို ကော်မတီဝင်တွေကို ဒီနေ့အခမ်းအနား အခင်းအကျင်းမှာ မိဘပြည်သူလူထု အားလုံး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့သည် တပ်မတော်က အတွေ့ အကြုံရှိပြီးသား ကိုယ်ရည်ကိုယ်သွေး ကောင်းပြီးသားခေါင်းဆောင်ကောင်းတွေ ပါနေသလို တစ်ဖက်ကလည်း ကြိုးစား အားထုတ်ပြီး ဒီခေါင်းဆောင်တွေနဲ့ လက်တွဲပြီးတော့မှ လေ့လာသင်ယူပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထား တဲ့ လူလတ်ပိုင်း၊ လူငယ်ပိုင်း မျိုးဆက် သစ်ခေါင်းဆောင်တွေကိုလည်း တွေ့နိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီစွပ်စွဲမှုတွေ ဟာ ပါတီအတွက် တုန်လှုပ်စရာလည်း မလိုဘူး။ မဟုတ်မှန်ဘူးဆိုတာလည်း ဒီ နေရာမှာ ရှင်းလင်းပြတ်သားစွာ ပြော ကြားလိုပါတယ်။ ကျွန်တော်တို့ပါတီဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုး စွမ်းစွမ်း တမံ တာဝန်ယူထမ်းဆောင်နိုင်ဖို့အတွက် တိုင်းရင်းသားပေါင်းစုံ အတွေ့အကြုံရှိသူ၊ အရည်အချင်းရှိသူတွေနဲ့ စုဖွဲ့ပြီးတော့မှ ပြင်ဆင်ကြိုးစား ဆောင်ရွက်နေတယ်လို့ ဒီ ဗဟိုညီလာခံကနေတစ်ဆင့် ပြည်သူ လူထုကို သတင်းစကား ပေးချင်ပါ တယ်။