images
UN
UN
ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးနှင့်တွေ့ဆုံမေးမြန်း
သာလှ(ပျဉ်းမနား) Friday, 20 September 2019
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်အစည်းအဝေးခန်းမ၌ ပါတီဝင်အသိအမှတ်ပြု လွှာပေးအပ်ခြင်း အခမ်းအနားတစ်ရပ်ကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ပြီး ယင်းအခမ်းအနား၌ ပါတီဝင်အသစ်အင်အား ၄ဝ၇ ဦး ဝင်ရောက်လာနိုင်အောင် နိုင်ငံရေးလမ်းကြောင်း အခြေအနေအရပ်ရပ်ကို ချပြ စည်းရုံးနိုင်ခဲ့သူ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဒေါ်သန်းသန်းအေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြအပ်ပါသည်။
ဒေါ်သန်းသန်းအေး
ဒက္ခိဏသီရိမြို့နယ် ကော်မတီဝင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မေး။ ဒီနေ့မှာဆိုရင် အစ်မကြီး နယ်မြေ ထဲကပဲ ဒီမှာလာပြီး ပါတီဝင်သစ် တွေ ဝင်ရောက်လာပြီး ဒီပါတီနဲ့ ပူးပေါင်းကာနိုင်ငံရေးလမ်းကြောင်း တစ်ခုကို ချဲ့ထွင်ပြီးတော့ ခရီး ဆက်ဖို့ဆိုတဲ့ အနေအထားတစ် ရပ်ကို ကျွန်တော်တို့ တွေ့ရတယ်။ အစ်မကြီးအနေနဲ့ ဒီနေ့အခြေအနေ အပေါ်မှာ ဘယ်လို ခွန်အားတွေ ရရှိသွားလဲ။
ဖြေ။ ကျွန်မအနေနဲ့ အရမ်းကိုပဲ ဝမ်း သာပီတိ ဖြစ်မိပါတယ်။ အရင်
အစိုးရနဲ့ အခုအစိုးရဟာ ဘယ်လိုမှ ယှဉ်တုလို့မရအောင်ကို ပြောင်းလဲနေပါ တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေ ရဲ့ဘဝ မြင့်မားတိုးတက်ဖို့အရေး ကျွန်မ အနေနဲ့ ပြည်သူတွေကို လက်တွေ့ဆန်ဆန် ပကတိ အခြေအနေတွေကို ချပြပါတယ်။ အပြန်အလှန် ဆွေးနွေးပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါမှာ ဒီနေ့ ဒီခန်းမကြီး ထဲမှာ ပါတီဝင်သစ် ၄ဝ၇ ဦးဟာ သူတို့ အသိ၊ သူတို့ရဲ့ နိုင်ငံရေးအပေါ် အမြင်၊ ပါတီအပေါ်မှာ ယုံကြည်ချက် ဒါတွေကို အခြေခံပြီးတော့ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ဝင်ရောက်လာတဲ့ ပါတီဝင်သစ်တွေကိုလည်း ကျွန်မ အပါ အဝင် မြို့နယ်ပါတီ အကြီးအကဲတွေ၊ ပါတီဥက္ကဋ္ဌကြီး အပါအဝင် ပါတီအကြီး အကဲတွေက နွေးနွေးထွေးထွေး ကြိုဆိုပြီး အခုလို ပါတီဝင်ခန့်အပ်လွှာတွေ အပ်နှင်း ခဲ့တာဖြစ်ပါတယ်။ ဒါတွေကိုတွေ့တော့ ကျွန်မတို့ပါတီအတွက်ရော နောက်နိုင်ငံရေး ခေတ်တစ်ခုအတွက်ရော မျှော်မှန်းပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိသွားပါတယ်။
မေး။ ဒီနယ်မြေအတွင်းမှာဆိုရင် ကျွန် တော်တို့ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေး ကောက်ပွဲအခြေအနေကို ပြန်ကြည့် ကြမယ်ဆိုရင် ပါတီကြီးနှစ်ခု ဖြစ် တဲ့ ပြည်ခိုင်ဖြိုးရယ်၊ NLD ရယ် ပေါ့နော်။ အဓိကအင်အားနဲ့ ယှဉ် ပြိုင်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ပြည် ခိုင်ဖြိုးပါတီဟာ အစ်မကြီးတို့ နယ် မြေမှာ ရှုံးနိမ့်ခဲ့တယ်။ ဒီလိုရှုံးနိမ့်ခဲ့ ရတာဟာ ဘယ်လိုမျိုး ပွတ်တိုက် မှုတွေရှိလို့လဲ ဘာ့ကြောင့် ရှုံးခဲ့ရ တယ်လို့ ထင်သလဲ။
ဖြေ။ ဟုတ်ကဲ့ရှင့်။ ကျွန်မတို့ ပြည်ခိုင် ဖြိုးပါတီနဲ့ NLD ပါတီတို့ ၂ဝ၁၅
တုန်းက မဲယှဉ်ပြိုင်ချိန်မှာ ကျွန်မတို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အရိုးစင်းဆုံးပဲ ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့ NLD ဘက် ကတော့ ကျွန်မ သိရသလောက် ကြားရ သလောက်တော့ အသုံးချမှု ကောင်း ကောင်းတစ်ခုခုရှိလိမ့်မယ်လို့ ထင်ပါ တယ်။ အတိအလင်း မပြောနိုင်ပေမယ့် သေချာတာကတော့ ကျွန်မတို့ အင်အား ဒီလောက်ရှိပါလျက် နိုင်နိုင်ခြေရှိပါလျက် ရှုံးခဲ့ရတာကို ထောက်ကြည့်ရင် သိနိုင် ပါတယ်။ တစ်ဖက်ပါတီကို မရိုးမသား လို့တော့ မဆိုပါဘူးနော်။ နောက်တစ် ချက်က ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့ ပြည်သူတွေ ဆန္ဒမဲပေးမှုအပိုင်းမှာလည်း ဆန္ဒမဲသွားပေးတဲ့သူတွေ ဒီလောက်ရှိနေ ပေမယ့် မပေးဖြစ်လို့ ပြန်လာရသူတွေ ရှိခဲ့တယ်ပေါ့လေ။

မေး။ အခု ပါတီဝင်အသစ်တွေထဲမှာ တစ်ဖက်ပါတီကနေ ဒီဘက်ကို ကူးပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေ လည်းရှိတယ်။ ဒီပွဲမှာပဲ ကျွန်တော် တို့ ကူးပြောင်းလာတဲ့သူတွေအထဲ က တစ်ဦးနဲ့ အင်တာဗျူးထားတာ ရှိပါတယ်ဆိုတော့ တစ်ဖက်ပါတီ ကနေပြီး ပြည်ခိုင်ဖြိုးပါတီကို အားကိုးယုံကြည်ကာ ကူးပြောင်း လာတဲ့အတွက် ဒီပုဂ္ဂိုလ်တွေကို ဒီနေရာကနေပြီး အစ်မက မြို့နယ် EC တစ်ယောက်အနေနဲ့ ဘာများ ပြောစရာရှိလဲ။
ဖြေ။ ကျွန်မ အရမ်း ကျေးဇူးတင်ပါ တယ်။ အခု တစ်ဖက်ပါတီကနေ
ကျွန်မတို့ ပြည်ခိုင်ဖြိုးပါတီထဲကို ကူး ပြောင်းဝင်ရောက်ဖို့ စာရင်းကို စိစစ်တဲ့ အခါ အရင် လူပေါင်း ၄ဝ ကျော်ပါ။ အခု တိုးလာပြီးတော့ ဒီအခမ်းအနားထဲမှာ လူပေါင်း ၅ဝ ကျော်လာရောက်ပြီး ပါတီ ဝင်ခန့်အပ်လွှာယူကြပါတယ်။ ဒီအတွက် ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုး ကိုချစ်လို့ ဒီလို ဝင်လာကြတာဖြစ်တဲ့ အတွက် သူတို့သည် ကျွန်မတို့ပါတီနဲ့ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ရင် နယ်မြေဒေသ၊ ပြည်နယ်၊ တိုင်းဒေသကြီး အစရှိတဲ့ တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထု တွေ ကောင်းကျိုးချမ်းသာရလိမ့်မယ်လို့ မျှော်လင့်ချက်တွေနဲ့အတူ တိုင်းချစ်ပြည် ချစ်စိတ် ပြင်းပြင်းပြပြရှိလို့ ပြည်ခိုင်ဖြိုး ပါတီကိုဝင်ရောက်ပြီး မြန်မာနိုင်ငံတော် ကြီးတည်တံ့ခိုင်မြဲဖို့ ရည်ရွယ်ပြီး လူပေါင်း ၅ဝကျော် ကျွန်မတို့ပါတီထဲကိုကူးပြောင်း လာခဲ့တာ ဖြစ်ပါတယ်။
မေး။ လက်ရှိပြည်သူလူထုတွေ အားလုံး ရဲ့ လူမှုဘဝတွေမှာ နိုင်ငံရေး စီမံ ခန့်ခွဲမှုတွေအရ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့် နေတဲ့ကိစ္စလည်း တစ်ခုအပါအဝင် ပေါ့။ ဒီတော့ အစ်မကြီးက နိုင်ငံ ရေးပါတီကြီးတစ်ခုရဲ့ မြို့နယ် EC တာဝန်နဲ့ဖြစ်ပေါ်နေတဲ့ နိုင်ငံ့အရေး အရာ အထွေထွေကိစ္စရပ်တွေကို လေ့လာဆန်းစစ်ဝေဖန်ထောက်ပြ သူမို့ အရင် ပြည်ခိုင်ဖြိုးပါတီ သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြည်သူအားလုံး မရှိမဖြစ် မသုံးမဖြစ် သုံးစွဲနေကြ ရတဲ့ လျှပ်စစ်မီတာခ နှုန်းထား အခြေအနေတွေရယ်။ အခုအစိုးရ လက်ထက် လျှပ်စစ်မီတာခ နှုန်း ထားတွေရယ် နှိုင်းယှဉ်ကြည့်ပြီး ပြည်သူလူထုတွေဆီ ဘယ်လောက် ထိ ရိုက်ခတ်မှုတွေ ရှိလာနေလဲ။ ဘယ်လို တွေ့မြင်ကြားသိရလဲ။ ပြောလို့ရရင် ပြောပေးပါဦး။
ဖြေ။ ကျွန်မတို့ပါတီရဲ့ ထိပ်ဆုံး အကြီး အကဲဖြစ်သူ သမ္မတကြီးဦးသိန်းစိန်
အစိုးရလက်ထက်မှာ ကဏ္ဍအသီးသီးမှာ ပြည်သူ့အကျိုးကိုဆောင်ရွက်လုပ်ကိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါ အခုအချိန်နဲ့ ယှဉ် ကြည့်ရင်ပေါ့။ ဒါ လူတိုင်းသိရှိပြီးသားပါ။ ဘယ်လို ကွာဟမှုတွေရှိတယ်ဆိုတာကို။ အခု အစိုးရလက်ထက်မှာ စားဝတ် နေရေး၊ လူနေမှုဘဝအထွေထွေ အကျဉ်း
အကျပ်တွေနဲ့ ကြုံနေကြရတယ်။ ဒီအပြင် နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းမှု တွေ ပျက်ပြားနေတာတွေလည်း တွေ့ရ တယ်။ မကြားဝံ့မနာသာလူကြားမကောင်း ကိစ္စတွေလည်း တစ်ခုပြီးတစ်ခု သက်ငယ် မုဒိမ်း အပါအဝင်ပေါ့၊ နောက်ပြီး အခွန် ကောက်ခံစနစ်ကြောင့်လည်း ပြည်သူမှာ တော်တော်ကို အထိနာလာပါတယ်။ ဒါ့ပြင် မေးခွန်းပါတဲ့ ကိစ္စပေါ့။ လျှပ်စစ်မီတာကို နှစ်ဆတိုးကောက်လိုက်တဲ့အတွက်လည်း ကျွန်မတို့ ကျေးလက်နေ ပြည်သူတွေက အစ မြို့ပြနေ ပြည်သူတွေအဆုံး လျှပ်စစ် မီတာကြေးပေးချေဖို့ အင်မတန်မှ ဝန်ထုပ် ဝန်ပိုးအဖြစ် ကြုံတွေ့နေကြရတာပါ။
မေး။ နောက်ဆုံးမေးခွန်းပါဗျ။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒက္ခိဏသီရိမြို့နယ် ပါတီ EC တစ် ယောက်အနေနဲ့ပေါ့နော်။ ကိုယ့် နယ်မြေက ပြည်သူတွေအပါအဝင် ပြည်သူတွေအားလုံးအတွက် နိုင်ငံ့ အရေးအရာ ကိစ္စရပ်အတွက် ဘယ် လိုမျိုး Massage ပေးချင်သလဲ။ ဖြည့်စွက်ပြီး ပြောစရာ ရှိနေသေး ရင်လည်း ဖြည့်စွက်ပြောကြားလို့ ရပါတယ်။
ဖြေ။ ကျွန်မက EC တစ်ယောက်အနေနဲ့ ပြည်သူတွေကို Massage ပေးချင်
တာကတော့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကို ချစ်မြတ်နိုးပါ။ အဲဒီလို ချစ်မြတ်နိုးတဲ့ ပါတီအဖွဲ့အစည်းတွေကိုလည်း ချစ်မြတ် နိုးကြပါ။ အဲဒီလို ပါတီမျိုးနဲ့ အဲဒီလို အဖွဲ့ အစည်းမျိုးတွေကို သေချာလေ့လာ ဝေဖန် ပိုင်းခြားပြီး ဝိုင်းဝန်းပါဝင် ပူးပေါင်းပြီး တော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေအတွက် တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးသားရေးချစ် စိတ်၊ ဘာသာသာသနာ တန်ဖိုးထားစိတ် တွေမွေးမြူကြဖို့ ပြောချင်ပါတယ်။ ဒီ Massage ဟာ ဘယ်ကာလာဘယ်အရောင် မှ မခွဲခြားဘဲ မြန်မာနိုင်ငံ တစ်နံတစ်လျား မှာ အမီပြုနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဒီလိုမျိုး ပူးပေါင်း ဆောင်ရွက်နိုင်ကြဖို့ ထပ်လောင်းပြောချင် ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံတော်ကြီး အသက်ရှည် ကျန်းမာပြီး သာယာဝပြောပြီး တော့ ကိုယ့်နိုင်ငံ ကိုယ့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။