images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင် ဖျာပုံမြို့နယ် ကျေးရွာများမှ ပါတီဝင်များ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ
Friday, 20 September 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင်သည် ယနေ့ နံနက် ၁၁ နာရီက ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီကော်မတီဝင်များနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဖျာပုံမြို့နယ် အောက်ကွင်း စံပြကျေးရွာနှင့် အပြောင်ကျေးရွာများသို့သွားရောက်၍ ကျေးရွာပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။