images
UN
UN
ခိုင်မာသည့်အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဦးဆောင်ပြီး ခြေဥပြင်ဆင်ရေးအတွက် လွှတ်တော်သို့ တတိယအကြိမ်တင်
Friday, 20 September 2019
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခိုင်မာသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းပေါ်ပေါက် လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စား လှယ်ဦးဆောင်ပြီး ခြေဥပြင်ဆင်ရေးအတွက် လွှတ်တော်သို့ တတိယ အကြိမ် တင်ပြလိုက်သည်။ သမ္မတက အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အရေးရရှိနိုင်မည့် ပြင်ဆင်ချက်ပါဝင် သောဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅) အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း သန်းနိုင် ဦးဆောင်၍ ပြည်ထောင်စုလွှတ် တော်သို့တင်သွင်းခဲ့သည်။
ယနေ့ ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၆ရက်မြောက်နေ့တွင် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅) အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း သန်းနိုင်အပါအဝင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၁၄၅ဦး တင်ပြထား သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော်သို့ ယနေ့ အသိ ပေးတင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေမူကြမ်းသည် ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ(၅)၊ ပုဒ်မ ၅၉(ဂ)နှင့် ပုဒ်မ ၂ဝ၁(က)(ခ)အား ပြင်ဆင်သည့် ဥပဒေမူကြမ်းဖြစ်ပြီး ဥပဒေ ကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)ပါ နိုင်ငံတော်၏ အခြေခံမူများနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခိုင်မာသည့် အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် ရည်ရွယ်တင်သွင်း ခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေကြမ်းကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များလက်မှတ်ရေးထိုး တင်ပြထားခြင်းဖြစ်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နယ်နိမိတ် တည်ရှိမှုနှင့်ပတ်သက်၍ ရှိရင်းစွဲနယ်နိ မိတ်အပြင် နိုင်ငံတကာခုံရုံးက အဆုံးအ ဖြတ်ပေးမှုကြောင့် ရရှိလာသည့် နယ်နိမိတ် များ
အကျုံးဝင်လာစေရန်အတွက်လည်း ကောင်း၊ ဥပဒေပြဋ္ဌာန်းချက်တိကျစေရန် အတွက်လည်းကောင်း၊ မူလပြဋ္ဌာန်းချက် အား ပြင်ဆင်ဖြည့်စွက်ရာတွင်လည်း တည် ဆဲဥပဒေ၊ နည်းဥပဒေများအတိုင်း ခေတ် စနစ်နှင့်လျော်ညီစွာ ပြင်ဆင်လိုခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတက ဥပဒေကဲ့ သို့အာဏာတည်သော အမိန့်ထုတ်ပြန်ရာ တွင် အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေး ကဏ္ဍ အပြန်အလှန်ထိန်းကျောင်းမှုဆောင် ရွက်ရာတွင် သမ္မတစနစ်ပိုမိုပီပြင်စေရန် သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အရေးရရှိစေရန် ပြင်ဆင်ခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် ပုဒ်မ၅၉(ဂ)တွင် နိုင်ငံတော် သမ္မတနှင့်ဒုတိယသမ္မတများအဖြစ် ရွေး ချယ်တင်မြှောက်ခြင်းခံရသူသည် အနည်း ဆုံးအသက် (၄၅)နှစ်ပြည့်ပြီးသူဖြစ်ရမည် ဟု ပြဋ္ဌာန်းထားပြီး ဥပဒေကြမ်းတွင် 'အနည်းဆုံး'ဟူသည့်စကားရပ်အား ပယ် ဖျက်ရမည်ဟု ပြင်ဆင်ထားသည်။
ပုဒ်မ၂ဝ၁(ခ)တွင် အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ တာဝန် များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ် နှင်းထားသောတာဝန်များကို ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ် ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွင် နိုင်ငံတော်သမ္မတအား အကြံဉာဏ် ပေးရမည်ဖြစ်ကြောင်းနှင့် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန်သင့်/မသင့် နိုင်ငံတော်သမ္မတကိုအကြံပေးရမည်ဟူ၍ ဖြစ်သည်။
ထို့ပြင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေ အတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကိုဖျက်သိမ်းရန် သင့်/မသင့် နိုင်ငံတော်သမ္မတအား အကြံပေးရမည် ဖြစ်ကြောင်း ပါရှိသည်။
ယင်းဥပဒေမူကြမ်းအား လွှတ်တော် တွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့ လာစိစစ်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီဝင်အားလုံးပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဖြင့် လေ့လာစိစစ်ရန် လွှတ်တော်နာယက က ကြေညာခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းထွန်း ဦးဆောင် ၍လည်းကောင်း၊ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာမောင်သင်း ဦးဆောင်၍ လည်းကောင်း လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယခင်တင် သွင်းခဲ့သည့် ဥပဒေကြမ်းနှစ်ခုကို လွှတ် တော်က အတည်ပြုဖွဲ့စည်းထားသည့် ၄၅ဦးကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့် သွင်းဆောင်ရွက်ရန် မဲခွဲဆုံးဖြတ်အတည် ပြုထားခဲ့ပြီးဖြစ်သည်။
တင်တင်အေး