images
UN
UN
ပြည်ခိုင်ဖြိုးပါတီဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ ဆိပ်ကြီးခနောင်တိုတွင် ပြည်သူများအားအခမဲ့ကျန်းမာရေးစောင့်ရှောက်
Friday, 20 September 2019
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ နေပြည်တော်ဌာန ချုပ် နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ အထူး ကုဆရာဝန်များသည် ယနေ့ နံနက် ၉ နာရီမှစတင်၍ မွန်းလွဲ ၂နာရီအထိ ဆိပ်ကြီး ခနောင်တိုမြို့နယ် မြို့နယ် ပါတီရုံး၌ မြို့နေပြည်သူများ အား
အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကုသရေးအဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီဌာန ချုပ်(ဗဟို)မှ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာ ဇော်လွှမ်းမိုးနိုင် ဦးဆောင်၍ အဖွဲ့ဝင်လေးဦးတို့က လူနာ ကျား ၅၂ ဦး၊ မ ၁၃၁ ဦး စုစုပေါင်း ၁၈၃ ဦးတို့ကို မွန်းလွဲ ၂ နာရီအထိ စမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးများ ပေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းကုသမှုဆောင်ရွက်ရာသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် နယ်မြေတာဝန်ခံဒေါ်မိုးမိုးအိ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးခင်မောင်တင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေး အေးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကျေးပါတီကော်မတီဝင် များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆေးကုသခြင်းလုပ်ငန်းအား ယနေ့နှင့် ယခုလ ၂၁ရက် တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်ဦး(ဆိပ်/တို)