images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတာဝန်ရှိသူများ ရေကြီးနစ်မြုပ်နေသည့် လယ်ယာမြေများအား သွားရောက်ကြည့်ရှု ကူညီပံ့ပိုး
Friday, 20 September 2019
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးစောမော်ထွန်းတို့သည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီနာယက ဦးဝင်းတင်နှင့်တိုင်းဒေသကြီးပါတီကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့် အောင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင်များနှင့် အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ် မှုဖြစ်ပေါ်ခဲ့သည့် လယ်မြေများအား သွား ရောက်ကြည့်ရှုပြီး တောင်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ ပေးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံဦးလှသိန်းနှင့်အဖွဲ့သည် ကျောက် တန်းကျေးရွာသို့သွားရောက်၍ နံနက်၉နာရီ ၄၅မိနစ်တွင် ကျောက်တန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၏ နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပေးကြပြီး အမွှေးနံ့သာရည်များပက်ဖျန်း ပေးကြသည်။
ယင်းနောက် ကျောက်တန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏နေအိမ်၌ ကျေး ရွာပြည်ခိုင်ဖြိုးပါတီမှတာဝန်ရှိသူများ၊ပါတီ ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ပဲခူး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက ဦးဝင်းတင်က အမှာစကားပြောကြားကာ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးရဲမြင့်ထွန်း တို့မှ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပါတီဝင်များ၏ လိုအပ်ချက်များ၊ ကျေးရွာ ၏လိုအပ်ချက်များအား ပွင့်လင်းစွာဆွေး နွေးတင်ပြပေးရန်ပြောကြားသည်။
ဆက်လက်၍ ရပ်မိရပ်ဖများနှင့် ကျေး ရွာပါတီဝင်များက ဒေသလိုအပ်ချက်များ တင်ပြကြပြီး ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးလှသိန်းက ယနေ့ နိုင်ငံရေးအခြေအနေများနှင့်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈)အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ တင်စိုး(ပဲခူး)