images
UN
UN
ကျိုက်ထိုမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား
နိုင်နိုင်(မွန်) Saturday, 21 September 2019
မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ ကော်ရပ်ကွက် ဗိုလ်ချုပ်လမ်း ရန် ကုန်-မော်လမြိုင်ကားလမ်း မိုင် တိုင်အမှတ် ၁ဝ၈/၇ နှင့် ၁ဝ၉/ဝ အကြား၌ ယခုလ ၁၉ ရက် နံနက် ၄ နာရီခွဲက ရန်ကုန်ဘက်မှ မော် လမြိုင်ဘက်သို့ သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာ ဓမင်းဆိပ်ရပ်ကွက် နေ ကျော်ကျော်နိုင်(၄၆ နှစ်)မောင်း နှင်လာသည့် Truck အမျိုးအစား၊ အဖြူရောင် ၁၂ ဘီး မော်တော် ယာဉ်အမှတ် 5D/------- သည် လားရာတူရှေ့မှ သွားနေသည့် ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် နေ ဦးမြအေး(၄၈ နှစ်) စီးနင်းလာ သည့် နံပါတ်မပါအပြာရောင်ဆိုက် ကားအား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ ယာ ဘေးဖြင့် တိုက်မိခဲ့သဖြင့် ဆိုက် ကားတိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဦးမြအေးတွင် ဝဲဘက်ဦးခေါင်းဖူးရောင်၊ နဖူးပွန်း ပဲ့၊ ဝဲဒူးခေါင်းပွန်းပဲ့၊ ဝဲခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ယာမျက်ခုံးပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့ မရဲစခန်းမှ ကျော်ကျော်နိုင်အပေါ် ယာဉ်(ပ)၆၅/၂ဝ၁၉၊ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိ ရသည်။