images
UN
UN
ရန်ကုန်-နေပြည်တော်အမြန်လမ်းမိုင်တိုင်အမှတ် ၈၈/ဝအနီး ဆိုင်ကယ်စီးနင်းမောင်းနှင်လာသူထံမှစိတ်ကြွဆေးပြားများဖမ်းဆီးရမိ
ခင်ကို(ကျောက်တံခါး) Saturday, 21 September 2019


ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ်မြို့ချောင်းအမြန်လမ်း မကြီးရဲစခန်းအပိုင် ရန်ကုန်-နေပြည် တော် အမြန်လမ်းမိုင်တိုင်အမှတ် ၈၈/ဝအနီး၌ ယမန်နေ့ညနေ၅နာရီ ခွဲက ဆိုင်ကယ်စီးနင်းမောင်းနှင် လာသူထံမှ စိတ်ြ<ွကဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။
မူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမှ ဒုရဲ အုပ်တင်ကိုကိုလတ် ဦးစီးအဖွဲ့နှင့် အမြန်လမ်းမိုင်တိုင်အမှတ် ၈၈/ဝရှိ ရဲကင်းမှူးတပ်ကြပ်ဇော်ဇော်အောင် ပါပူးပေါင်းအဖွဲ့သည် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးများ လိုက်လံရောင်း ချနေကြောင်း သတင်းအရ အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၈၆/၆ နှင့် ၇ အကြား MPT တာဝါတိုင် အနီး၌ စောင့်ဆိုင်းနေစဉ် ရန်ကုန် ဘက်မှ နေပြည်တော်ဘက်သို့ ရန်နိုင်ထွန်း(၄၁နှစ်)သဇင်လမ်း ဖဒိုမြို့ ကျောက်တံခါးမြို့နယ်နေသူ မောင်းနှင်လာသည့် နံပါတ်မပါ FLYMO 125အမျိုးအစား နီနက် ရောင်ဆိုင်ကယ်အားရပ်တန့်ရှာဖွေ စစ်ဆေးရာ ဆိုင်ကယ်၏ခွကြား အပေါ်ဖုန်းထည့်ထားသည့် ခွက် အတွင်းမှ အမည်းရောင်တိတ်ဖြင့် ပတ်လျက် ကြွပ်ကြွပ်အိတ်အပိုင်း အစဖြင့်ထုပ်ထားသည့် WY စာတန်း ပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ နှင့်အတူလက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်၏တူးဘောက်အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ် ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ရန်နိုင်ထွန်း(ခ)ဆံရှည်အား အရေး ယူပေးပါရန် ဒုရဲအုပ်တင်ကိုကိုလတ် မူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမြို့နေ သူက တရားလိုပြုလုပ်တိုင်တန်း၍ ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၁/၂ဝ၁၉၊မူး/စိတ်ပုဒ်မ၁၉ (က)ဖြင့် ရန်နိုင်ထွန်း(ခ)ဆံရှည် အားအမှုဖွင့်ဖမ်းဆီးကာ အမှုစစ်ဒုရဲ အုပ်အောင်တင်က စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။