images
UN
UN
အခုလိုလူငယ်တွေအတွက် အနာဂတ်နဲ့ပတ်သက်ပြီးရှင်းပြပေးတာ ကောင်းပါတယ်
နေထက်ဝေ Saturday, 21 September 2019
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မမယ်ဆိပ်ကျေးရွာတွင် လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂ဝ ရက် နံနက် ၉ နာရီကကျင်းပခဲ့ပြီး အဆိုပါ လူငယ်နှင့်အနာဂတ် နိုင်ငံတော်လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်လာသည့်လူငယ်များနှင့် တွေ့ဆုံမေးမြန်းထားမှုများကို ရေးသား ဖော်ပြလိုက်ပါသည်။
မဇင်မီမီသော်
ကော့မှူးမြို့နယ်
မကျည်းကန်းရပ်ကွက်
အခုကလူငယ်နဲ့ အနာဂတ်နိုင်ငံတော် ဆိုတော့ လူငယ်တွေအတွက် ဘယ်လို အခွင့် အလမ်းတွေရှိမလဲသိချင်လို့ ဒီပွဲကို တက်ရောက်ဖြစ်ခဲ့တာပါ။ အခုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မေးခဲ့ပါတယ်။ ဒီမှာအဘက လက်မှတ် ရေးထိုးဖို့နဲ့ အပစ်အခတ်ရပ်စဲရေးဆောင် ရွက်နေတယ်လို့ ပြောပါတယ်။ ငြိမ်းချမ်း ရေးက အပစ်အခတ်ရပ်စဲမှာတော့ သိပ်မရှိဘူး။ ပြည်သူတစ်ယောက်အနေနဲ့ စစ်ပွဲတွေဖြစ်ပွားနေတဲ့နေရာက စစ်ဘေး ရှောင်တွေအတွက်လည်း ကိုယ်ချင်းစာ တယ်။ အဘကတော့ ငြိမ်းချမ်းရေးက အခုလက်ရှိအတိုင်းဆို ဘယ်လိုမှအဆင် မပြေနိုင်ဘူးလို့ပြောတယ်။ ပြည်သူတစ် ယောက်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို လိုလားမိတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေရတဲ့ သူတွေကိုလည်းသနားတယ်။တံတား တွေလည်း ဖျက်ဆီးတယ်။ ကားတွေကို လည်းမီးရှို့တယ်ဆိုတော့ကုန်စည်ပို့ဆောင် မှုတွေ၊ ခရီးသွားလာရေးတွေအတွက် အရမ်းကိုခက်ခဲတာပေါ့။ ကံကောင်းတာ ကတော့ တံတားကို အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်တာပါ။ ခုလို သိချင်တာတွေ ကို ပြန်လည် ဖြေကြားပေးတဲ့အဘကို လည်း အရမ်းကျေးဇူးတင်ပါတယ်။
ကိုဖြိုးဝေလင်း
ကော့မှူးမြို့နယ်
သမင်ခြံကျေးရွာ
အဓိကကတော့ လူငယ်တွေရဲ့ဆန္ဒ တွေကို အဓိကတင်ပြပေးမယ်။ လူကြီး တွေကပြောပြပေးမယ်ဆိုလို့ တက်ရောက် ဖြစ်တာပါ။ ကျွန်တော်ဒီမှာကလေး သူငယ်မွေးဖွားခြင်းနဲ့ မွေးစားခြင်း အဲဒီ ဥပဒေက ၁၉၈၂ ဥပဒေကိုကျော်လွန် တယ်လို့သိရတယ်။ အဲဒါကြောင့်မို့ အဲဒါ ကိုတိတိကျကျသိဖို့အတွက် အဘတို့ကို မေးမြန်းတာပါ။ အဘတို့ဖြေသွားတာက အဓိကကတော့ အဲဒီအခြေခံဥပဒေအဲဒီလို ဖြစ်သွားမယ်ဆို ကိုယ့်လူမျိုးထဲ ဒီပြင် လူမျိုးတွေရောက်လာမယ်ဆိုတဲ့အကြောင်း၊ လူမျိုးတွေများလာမယ်ဆိုတဲ့ အကြောင်း အဲဒါကို အဓိကဖြေကြားပေးသွားတာပါ။ ကျွန်တော်ကတော့ မျိုးချစ်စိတ်ရှိတယ် လို့ပဲပြောရမလား။ ကိုယ့်လူမျိုးမှ ကိုယ့် လူမျိုးပဲ။ ဒီပြင် လူမျိုးကိုစိတ်ထဲမှာ လက်ခံနိုင်တဲ့ အရည်အချင်း မရှိသေးပါ ဘူး။ ဒါကိုလည်း လုံးဝကန့်ကွက်တယ်။ နိုင်ငံခြားသား ကလေးတွေကို ဒီလိုသာ မွေးစားမယ်ဆိုရင် မြန်မာလူမျိုးဆိုတာ ပျောက်သွားလိမ့်မယ်။ အဲဒီလိုမျိုးတော့ ဘယ်လိုမှ မဖြစ်မခံနိုင်ဘူး။ အဲဒီ ဥပဒေ ကိုလည်း လုံးဝမလိုလားပါဘူး။
မမေဇင်မျိုး
ကော့မှူးမြို့နယ်၊ ကြာကန်ကျေးရွာ
နိုင်ငံရေးကို စိတ်ဝင်စားလို့ လူငယ် တွေအတွက် ဘယ်လိုအခွင့်အရေးတွေ ရှိမလဲဆိုတာ သိချင်လို့ လာရောက်ခဲ့တာ ပါ။ အဘတို့ ပါတီနိုင်ရင် ၂ဝ၂ဝ မှာ နိုင်ခဲ့ရင် လူငယ်တွေကို ဘယ်လို ကဏ္ဍ တွေ၊ အခွင့်အရေးတွေ ပေးမလဲ။ အောင် မြင်အောင် ဆောင်ရွက်ပေးမလဲဆိုတဲ့ မေးခွန်း မေးခဲ့ပါတယ်။ ကျွန်မတို့က ကော့မှူးမြို့နယ်မှာဆိုရင် လူငယ်တွေ အတွက် အသက်မွေးဝမ်းကျောင်းပညာ ရပ်တွေကို ဖွင့်ပေးစေချင်တယ်။ စက် ချုပ်သင်တန်းလိုမျိုးပေါ့။ ကိုယ့်ရပ်ကိုယ့် ရွာမှာပဲနေပြီး လုပ်ကိုင်နိုင်အောင် လူငယ် တွေအတွက်လည်း အခုထက်ပိုပြီး အသိ ပညာဗဟုသုတတွေ ဖွံ့ဖြိုးစေချင်တယ်။ ခေါင်းဆောင်မှုသင်တန်းတို့၊ နိုင်ငံခြား ဘာသာစကားပြောသင်တန်းတို့ကိုလည်း ဖွင့်စေချင်တယ်။ အခုလို လူငယ်တွေ အတွက် အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးတာ တော်တော်လေး ကောင်း ပါတယ်။ အဲဒီအတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။