images
UN
UN
ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ရုပ်ပိုင်းဆိုင်ရာအခြေခံစနစ်နှင့်ဝန်ဆောင်မှု
ဒေါက်တာနေဝင်း(မွေးကု) Sunday, 22 September 2019
Infrastructure ဟုခေါ်ဆိုသည့် အင်္ဂလိပ်ဝေါဟာရမှာ လုပ်ငန်းတစ်ခုသို့ မဟုတ် အဖွဲ့အစည်းတစ်ခုတွင် အလုပ် တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက် နိုင်ရန်အတွက် အသုံးပြုနိုင်သော လိုအပ် သည့် ရုပ်ပိုင်းဆိုင်ရာအခြေခံစနစ်နှင့် ဝန် ဆောင်မှုတို့ပင်ဖြစ်ပါသည်။ အခြေခံကျ သော ဝန်ဆောင်မှုများနှင့် ဖွဲ့စည်းမှုစနစ် တို့တွင်သယ်ယူပို့ဆောင်မှုများဖြစ်သော လမ်းများ၊ တံတားများ၊ အဝေးပြေး လမ်းမကြီးများ၊ ရထားလမ်းများ၊ လေ ယာဉ်ကွင်းများ၊ဆိပ်ကမ်းများနှင့်စွမ်းအင် ထောက်ပံ့မှုများ ပါဝင်ပါသည်။
ရုပ်ပိုင်းဆိုင်ရာအခြေခံစနစ်နှင့် ဝန် ဆောင်မှုတို့၏ အညွှန်းကိန်းအနေဖြင့်အဓိက အပိုင်းလေးပိုင်း ခွဲခြားသတ်မှတ်ထား ပြီးစွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ရပ် ဝေးဆက်သွယ်ရေးနှင့် ကျန်းမာသန့်ရှင်း ရေးတို့ဖြစ်ပါသည်။ သတ်မှတ်ချက်များ အရ အလုပ်သမား ၁ဝဝဝလျှင် ကြိုးမဲ့ နှင့်ကြိုးတပ်တယ်လီဖုန်းတစ်လုံး၊ လျှပ် စစ်ဓာတ်အားပေးစက်ရုံတစ်ရုံနှင့် စိုက် ပျိုးနိုင်သောမြေ စတုရန်း တစ်ကီလိုမီတာ ပေါ်တွင် လမ်းကွန်ရက်တစ်ခု ရှိရမည် ဖြစ်ပါသည်။

ဝင်ငွေနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်နေထိုင်ကြသော လူအများစုတွင် ခန့်မှန်းခြေအားဖြင့် သန်းထောင်ပေါင်း တစ်သန်းခန့်မှာ သန့်ရှင်းသောရေကို မသုံးစွဲရခြင်း၊ သန်းထောင်ပေါင်း ၁ ဒသမ ၆သန်းခန့်မှာ လျှပ်စစ်ဓာတ်မရရှိ ခြင်း၊ သန်းထောင်ပေါင်း ၂ဒသမ၄သန်း ခန့်မှာ သန့်ရှင်းစွာ နေထိုင်ရမှုမရှိခြင်းနှင့် လူသန်း ၁ဝဝဝခန့်မှာ ရာသီမရွေး သွား လာနိုင်သောလမ်းများကို အသုံးမပြု နိုင်ခြင်း စသည်တို့ကို တွေ့ရပါသည်။ ကမ္ဘာ့ဘဏ်၏စာရင်းများအရ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လူတစ်ဦး၏လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်မှုမှာ ကီလိုဝပ် ၁ဝဝဝဝဝ ဖြစ်၍ ချမ်းသာသောနိုင်ငံများရှိ လူ တစ်ဦး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင် မှုမှာ ကီလိုဝပ် ၂၃ဝဝဝဝဝ ဖြစ်သည်ကို တွေ့ရပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအများစုတွင်အခြေခံ ဝန်ဆောင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုတို့၏ အရည်အသွေးမှာ ညံ့ဖျင်းသည်ကိုတွေ့ရှိရပါသည်။ ဖွံ့ဖြိုး ဆဲနိုင်ငံများရှိ လူများ၏ လူနေမှုအဆင့် အတန်းမြင့်မားလာရေးအတွက်နှင့် လုပ် ငန်းများ၏ ကုန်ထုတ်လုပ်မှု မြင့်တက် လာရေးအတွက် အခြေခံရုပ်ပိုင်းဆိုင်ရာ နှင့် အဖွဲ့အစည်းများ၏တည်ဆောက်မှု ကိစ္စရပ်များတွင် ရင်းနှီးမြှုပ်နှံမှုများပိုမို ပြုလုပ်ရန်လိုအပ်သည်ကိုလည်း တွေ့ရှိ ရပါသည်။ ဝင်ငွေမြင့်မားသည့် ချမ်းသာ သောနိုင်ငံများတွင် အခြေခံရုပ်ပိုင်းဆိုင်ရာ နှင့် အဖွဲ့အစည်းဆိုင်ရာတည်ဆောက်မှု တို့အတွက် ငွေပင်ငွေရင်းအစုအနေဖြင့် ရင်းနှီးမြှုပ်နှံထားသောပမာဏမှာ ဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံထားသော ငွေပင်ငွေရင်းအစုထက် အဆရှစ်ဆမှ အဆနှစ်ဆယ်အထိ ပိုမိုသည်ကိုတွေ့ရပါ သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဥစ္စာဓန၊သယံ ဇာတတို့ကို လိုအပ်သည့်နေရာများသို့ ပြောင်းရွှေ့အသုံးပြုရန်မတတ်နိုင်ကြသကဲ့ သို့ ပြောင်းရွှေ့အသုံးပြုခဲ့ပါကလည်း အပြည့်အဝအကျိုးရှိစွာအသုံးမပြုနိုင်ကြ သည်ကို မကြာခဏတွေ့ရှိရပါသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ သက်ဆိုင်ရာ အစိုးရများအနေဖြင့် ဦးစားပေးရွေးချယ် ရမှုအတွက် ပြိုင်ဆိုင်ရ၍လည်းကောင်း သို့မဟုတ် ငွေကြေးဆိုင်ရာအခက်အခဲများ ကြောင့်လည်းကောင်း မျှော်မှန်းထား သည့်အရည်အသွေးသို့မဟုတ် အသုံးပြု နိုင်လောက်သည့်အဆင့်သို့ မရောက်ရှိ သည်ကိုလည်း တွေ့ရှိရသည်။
ဝင်ငွေနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အခြေခံစနစ်နှင့် ဝန်ဆောင်မှုတို့ အတွက် ရင်းနှီးမြှုပ်နှံမှုမှာ ၂ဝ၁၁ခုနှစ် စာရင်းများအရ ပြည်တွင်းတစ်ဦးချင်း အသားတင်ထုတ်လုပ်မှု၏ သုံးရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၅ခုနှစ်တွင် နှစ်ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်းကိုလည်း တွေ့ရပါ သည်။ ပုဂ္ဂလိကအခန်းကဏ္ဍ၏ အခြေခံ စနစ်နှင့်ဝန်ဆောင်မှုတို့အပေါ်ရင်းနှီးမြှုပ်နှံ မှုမှာလည်း အရေးကြီးသည့်အချက်တစ် ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် အခြေခံရုပ်ပိုင်းဆိုင် ရာနှင့် အဖွဲ့အစည်းဆိုင်ရာ တည်ဆောက် မှုတို့အတွက် အထောက်အပံ့ပေးမှုသည် အရေးကြီးကြောင်း ကာလကြာမြင့်စွာက ပင် အသိအမှတ်ပြုခဲ့ကြပါသည်။