images
UN
UN
တွန်းသင်္ဘောပေါ်တွင် သံဂဟေဆော်ရာမှ သင်္ဘောမီးလောင်မှုဖြစ်ပွား
ဝင်းဗိုလ်(မြန်အောင်) Sunday, 22 September 2019
မြန်အောင်မြို့ အမှတ်(၆) ရပ်ကွက် ဧရာဝတီမြစ် ရွှေဘုံသာ ကမ်းနား ဂုံလျှော်ဂိုဒေါင်ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားသော ထွန်း မေတ္တာတွန်းသင်္ဘောသည် ယမန် နေ့ ညနေ ၅ နာရီက မီးလောင်မှု ဖြစ်ပွား၍ ဧရာဝတီမြစ်အတွင်း မျောပါသွားပြီး ရှားတောကျေးရွာ အနီး မြစ်ကမ်းသောင်စပ်တွင် ကပ်၍ မီးလောင်လျက်ရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသော တွန်း သင်္ဘောအား မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များ၊ ဒေသပိုင်မီးသတ်တပ်ဖွဲ့ ဝင်များနှင့်အနီးအနားရှိ ကျောက် စုပ်မော်တော်ဖြင့် မီးငြှိမ်းသတ် လျက်ရှိပြီး မီးလောင်မှုဖြစ်ပွား သော တွန်းသင်္ဘောပေါ်ရှိလုပ်သား ရဲထွန်းနိုင်၊ ချစ်ကိုကို၊ သန့်ဇင်ဖြိုး တို့သုံးဦးသည် မြန်အောင်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိပြီး လုပ်သားမျိုးနိုင်မှာ မီးလောင် စဉ်ရေထဲသို့ခုန်ချခဲ့ရာ ယခုအချိန် အထိရှာဖွေနေလျက်ရှိကြောင်း သိရ သည်။
ထွန်းမေတ္တာတွန်းသင်္ဘောတွင် သင်္ဘောသံတက်မကောက်နေ၍ျွေ အိုးအသုံးပြု၍ ဂဟေဆော် နေစဉ် မီးအပူရှိန်ကြောင့် အနီးရှိ ဆီတိုင်ကီမီးလောင်ပေါက်ကွဲမှုဖြစ် ပွားခဲ့ရာ သင်္ဘောချည်ထားသည့် ကြိုးအားဖြတ်တောက်၍ ဆိပ်ကမ်း နှင့်ဝေးရာ ဧရာဝတီမြစ်ကြောင်း အတွင်းသို့ မျောခဲ့ကြောင်းနှင့် ရှား တောကျေးရွာအနီးရှိသောင်ပြင်တွင် ရပ်တန့်၍ မီးလောင်ကျွမ်းလျက် ရှိရာညနေ၆နာရီ၃၅မိနစ်တွင် မီး ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။