images
UN
UN
ရွှေကူ-မန်စီ-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးနံဘေးတောစပ်တွင် ပိုင်ရှင်မဲ့ကျွန်းသစ်ခွဲသား အချောင်း ၉ဝသိမ်းဆည်းရမိ
မိုဃ်းကျ(မြစ်ကြီးနား) Sunday, 22 September 2019
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ယမန်နေ့တွင် တရားမဝင်ကျွန်းသစ်ခွဲသားများ ပိုင်ရှင်မဲ့ စုပုံထားသည်ကိုတွေ့ရှိ ကြောင်း တာဝန်သိပြည်သူတစ် ဦး၏ သတင်းပေးချက်အရ ကျွန်း သစ်ခွဲသားအချောင်း၉ဝအား ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း မန်စီ မြို့နယ်သစ်တောဦးစီးဌာန၏ မှတ် တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့နံနက်၆ နာရီက ရွှေကူ-မန်စီ-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးနံဘေး တောစပ်တွင်ပိုင်ရှင်မဲ့ကျွန်းသစ်ခွဲသား များတွေ့ရှိကြောင်း တာဝန်သိပြည် သူတစ်ဦး၏ သတင်းပေးချက်အရ မန်စီမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးကျော်စွာသန်းနှင့် သစ် တောဝန်ထမ်းများက သတင်းရရှိ သည့်နယ်မြေအတွင်း ကွင်းဆင်း စစ်ဆေးရှာဖွေရာ ပြည်ထောင်စု လမ်းမကြီးနံဘေး တောစပ်တွင် ကျွန်းသစ်(၁ ဒသမ ၄၇၈ဝ)တန်ရှိ တရားမဝင် ကျွန်းသစ်ခွဲသား အချောင်း ၉ဝ ကို ပိုင်ရှင်မဲ့ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် ရှာဖွေတွေ့ရှိ ခဲ့သည့် တရားမဝင် ကျွန်းသစ်ခွဲ သားများအား မန်စီမြို့နယ်သစ် တောဦးစီးဌာနသို့ သယ်ဆောင် သိမ်းဆည်းပြီး ပိုင်ရှင်အားစုံစမ်း ဖော်ထုတ်ကာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။