images
UN
UN
စည်းကမ်းမဲ့လွှတ်ထားသည့်ကျွဲနွားများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအခက်ကြုံ
Sunday, 22 September 2019
ကယားပြည်နယ်ရှားတောမြို့ နယ်တွင် ကျွဲ၊နွားမွေးမြူသူများက မိမိတို့၏ကျွဲ၊နွားများကိုစနစ်တကျ ထိန်းကျောင်းခြင်းမရှိဘဲစည်းကမ်း မဲ့လွှတ်ထားသည့်ဓလေ့ရှိသော ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်ရာတွင် အခက်အခဲကြုံတွေ့ ရလျက်ရှိရာကျွဲ၊နွားများအားစနစ် တကျမွေးမြူထိန်းကျောင်းသည့် ဓလေ့ထွန်းကားလာစေရေးအတွက် ပညာပေးအရေးယူမှုများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း ဒေသခံ တောင်သူတချို့၏ ပြောကြားချက် အရ သိရသည်။
''ရှားတောမြို့နယ်မှာကျွဲ၊နွား မွေးမြူတဲ့သူတွေကကျွဲ၊နွားတွေကို စည်းကမ်းမဲ့လွှတ်ထားကြတယ်။ ကျွဲခြံတွေ၊နွားခြံတွေလည်းမရှိဘူး။ နဖားကြိုးထိုးပြီးချည်တိုင်မှာချည် ထားတာမျိုးလည်းမရှိဘူး။ကျွဲနွား တွေက နွေ၊မိုး၊ဆောင်းသုံးရာသီ စလုံးတောတောင်တွေ၊ယာခင်းတွေ ထဲမှာစည်းကမ်းမဲ့လျှောက်သွားနေ ကြတယ်၊၊ ရောင်းစားဖို့လိုအပ်မှ လိုက်ဖမ်းကြတာကျွဲပိုင်ရှင်၊နွား ပိုင်ရှင်ဖော်ထုတ်ရတာလည်းခက် ခဲပါတယ်။ အဲ့ဒီတော့ ရှားတော မြို့နယ်မှာစိုက်ပျိုးရေးလုပ်တဲ့အခါ စိုက်ခင်းတွေကိုကျွဲ၊နွားဖျက်ဆီးမယ့် အန္တရာယ်က အကြီးမားဆုံးပါပဲ။ စိုက်ခင်းတွေကိုခြံစည်းရိုးလုံအောင် ကာရံပြီးမှလုပ်ရတော့ အချိန်တွေ၊ လုပ်အားတွေ၊ငွေကြေးတွေ အင် မတန်ဆုံးရှုံးနစ်နာကြပါတယ်။
နောက်ထပ်နစ်နာတာတစ်ခုက ကျွဲ၊နွားအန္တရာယ်ကြောက်ရတော့ မိုးသီးနှံတစ်မျိုးပဲစိုက်ရတယ်။နွေ သီးနှံ၊ ဆောင်းသီးနှံမစိုက်ရဲဘူး။ဟင်းသီးဟင်းရွက်တောင်မစိုက်ရဲကြ လို့လွိုင်ကော်ကမှာယူစားသောက် နေရပါတယ်''ဟု ရှားတော မြို့နယ် စလောင်းကျေးရွာနေ တောင်သူတစ်ဦးက ပြောခဲ့သည်။
ယခုအခါရှားတောမြို့နယ်အတွင်း အစည်းအဝေးပွဲများ၊ရပ်ကွက်၊ ကျေးရွာမြို့နယ်အဆင့်ဌာနဆိုင်ရာ အစည်းအဝေးပွဲများ၊ပညာပေးဟော ပြောပွဲများ၊သင်တန်းများပြုလုပ်ကြ ရာတွင် ကျွဲ၊နွားများစည်းကမ်းမဲ့ လွှတ်ထားသည့်ဓလေ့ဆိုးပပျောက် ပြီးစနစ်တကျထိန်းကျောင်းမွေးမြူ သည့်ဓလေ့ထွန်းကားလာစေရေး ထည့်သွင်းဆွေးနွေးကြကြောင်းသိ ရသည်။ရှားတောမြို့နယ်အတွင်း ကျွဲ၊နွားများကို စနစ်တကျထိန်း ကျောင်းမွေးမြူသူမရှိသလောက် နည်းပါးပြီးတော၊တောင်များ၊ယာ ခင်းများအတွင်းစည်းကမ်းမဲ့လွှတ် ထားကြကြောင်း သိရသည်။
ဒေသခံတစ်ဦး