images
UN
UN
ယခုအချိန်မှာ ရုပ်ရှင်အနုပညာ အားလုံးရော အပြင်စီးပွားရေးလုပ်ငန်း လုပ်သူတွေပါ အခက်အခဲတွေဖြစ်ပေါ်နေပါတယ် ဒီအချိန်မှာ ပြည်ခိုင်ဖြိုးပါတီကနေ အခုလို ကျွန်တော်တို့ရဲ့သာရေးနာရေးအသင်းကိုလှူလိုက်တာဟာ ကျွန်တော်တို့အတွက် တစ်တပ်တစ်အားပါပဲ
မေနဒီမြနွယ် Sunday, 22 September 2019
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယနေ့နံနက် ၉ နာရီကကျင်းပသည့် ရုပ်ရှင်လောကမှ သာရေးနာရေးအဖွဲ့များအား အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များက အဆိုပါလှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားနှင့် အမှတ်တရစကားသံအချို့ကို ဖော်ပြ အပ်ပါသည်။

မမများအဖွဲ့မှ ခင်မို့မို့အေးနှင့်အဖွဲ့
***********************************
ဒီနေ့ မမများအဖွဲ့ကို လှူဒါန်းမယ် ဆိုပြီးတော့ အဘဦးပိုက်ထွေးကနေ ကျွန်မတို့ကို ပြောထားပါတယ်။ အဲဒါနဲ့ အလှူလေးလည်း ဒါနမြောက်သွား အောင် လာရောက်ပြီး လက်ခံပေးတာ ဖြစ်ပါတယ်။ ပြီးတော့ ပေးချင်တာပေး ကြပါ၊ လှူချင်တာလှူ၊ ကုန်ခန်းမှု မရှိပါ စေနဲ့လို့ ဆုတောင်းမေတ္တာပို့သအပ်ပါ တယ်။ ယခုအချိန်မှာ ရုပ်ရှင်အနုပညာ အားလုံးရော အပြင်စီးပွားရေးလုပ်ငန်း လုပ်သူတွေပါ အခက်အခဲတွေ ဖြစ်ပေါ် နေပါတယ်။ အနုပညာသမားတွေကို အပြင်လူတွေက ပိုပြီးသိတဲ့အတွက် အနု ပညာသမားတွေရဲ့ အခက်အခဲကတော့ ပိုပြီးတော့ ပေါ်လွင်ထင်ရှားပါတယ်။ ယခုလို ခက်ခဲနေချိန်မှာ အနုပညာသမား တွေကို တစ်ထောင့်တစ်နေရာကနေပြီး တော့ တတ်နိုင်သလောက် လာရောက် ထောက်ပံ့ကူညီတဲ့အတွက် မမများအဖွဲ့ရဲ့ ကိုယ်စား အမေများအဖွဲ့ရဲ့ကိုယ်စား၊ ကိုယ်လူချောအဖွဲ့ရဲ့ကိုယ်စား၊ ရုပ်ရှင် တစ်လောကလုံးရဲ့ကိုယ်စား ကျေးဇူး အများကြီးတင်ရှိပါတယ်လို့ ပြောချင် ပါတယ်။
နောက်ထပ် အမှတ်တရလေး တစ်ခု ကြုံလို့ ပြောပြချင်ပါတယ်။ အဘ ဦးသိန်းစိန်ခေတ်က သင်္ကြန်တုန်းကပေါ့၊ ကျွန်မတို့ သမ္မတအိမ်တော်ဝင်းကို ဝင်ဖို့ အတွက် အချိန်လည်းနောက်ကျနေတယ်။ ရန်ကုန်ကနေ ကူးရတာဆိုတော့လေ၊ နောက်တစ်နေ့ နေပြည်တော်ကိုဝင်ဖို့ လည်း နောက်ကျနေတဲ့အထဲ ဂိတ်ပေါက် က ရှာမတွေ့ဘူး။ ဝင်ရမယ့်ဂိတ်ပေါက် က မှားနေတယ်ပေါ့၊ အမေများအဖွဲ့ရော၊ မမများအဖွဲ့ရော ကားနှစ်စီးလုံး ဝင်လို့ မရဘူး ဖြစ်နေတယ်။ VIP ဂိတ်ပေါက် ကနေ ကျွန်မတို့ ဝင်ရမယ့်အပေါက် မဟုတ်တဲ့အတွက် တာဝန်အရ တားပါ တယ်။ အဲဒီအချိန်မှာ ကျွန်မတို့က ကား ပေါ်ကနေဆင်းပြီး PSO တွေနဲ့ ပြောပါ တယ်။ ဒါပေမဲ့ သူတို့မှာလည်း တာဝန် ရှိတဲ့အတွက် ကျွန်မတို့ကို ပေးမဝင်ပါ ဘူး။ အဲဒီအချိန်မှာ နောက်ကနေ ကား တစ်စီး ဆိုက်လာတယ်။ အဲဒီကားက အဘဦးပိုက်ထွေးရဲ့ကားပါ။ အဲဒီတော့ အမေများအဖွဲ့နဲ့ မမများအဖွဲ့တွေ ဒီ ဂိတ်မှာ ဘာလုပ်နေကြလဲလို့ ဏှဥ တဲ့ တာဝန်ရှိတဲ့သူတွေကို အဘက မေးကြည့် ပြီး သိသွားတဲ့အခါမှာ အဘကနေ ကဲ ငါ့ကားနောက်က လိုက်ခဲ့ကြဆိုပြီးတော့ ကျွန်မတို့ကို သူ့နောက်ကနေ ခေါ်သွား တဲ့အတွက် သမ္မတအိမ်တော်ဝင်းထဲကို အချိန်မီ ရောက်နိုင်သွားပြီး ဖျော်ဖြေခဲ့ရ ပါတယ်။ တကယ်လို့သာ အဘသာ ခေါ် မသွားရင် ပြန်လှည့်ပြီး တစ်ပတ်ကြီးဝင်ရ မှာမို့ မမီနိုင်ဘူး။ အဲဒီကနေစပြီးတော့ အဘဦးပိုက်ထွေးကို ကျေးဇူးတင်စွာနဲ့ အမှတ်တရရှိခဲ့တာပါ။

ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းမြိုင် (ဇာတ်ပို့ဇာတ်ရံ
သာရေးနာရေးအသင်းဥက္ကဋ္ဌ)
***********************************************
ဒီနေ့ပွဲလေးကတော့ ပြည်ခိုင်ဖြိုးက နေပြီးတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှာရှိတဲ့ အလွှာတွေဖြစ်တဲ့ သာရေး နာရေး သီးခြားအဖွဲ့လေးတွေကို ငွေ လှူဒါန်းချင်တယ်ဆိုလို့ အခုလို တက် ရောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင် က နိုင်ငံတကာမှာ နောက်ကျနေတာ အားလုံးလည်း သိပါတယ်။ မြန်မာ့ရုပ်ရှင် ကို မြှင့်တင်ပေးဖို့ လိုနေတဲ့အချိန်ဖြစ်ပြီး တော့ ရုပ်ရှင်လုပ်ငန်းအားလုံး ယိုင်နဲ့နေတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရရယ်၊ အင် အားကြီးတဲ့ နိုင်ငံရေးပါတီတွေရယ်နဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရယ်က ကျွန်တော်တို့ ရုပ်ရှင်လောကကို ဝိုင်းပြီး စောင့်ရှောက်ပေးဖို့ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြည်ခိုင်ဖြိုး ပါတီကနေ အခုလို ကျွန်တော်တို့ရဲ့ သာရေးနာရေးအသင်းကို လှူလိုက်တာ ဟာ ကျွန်တော်တို့အတွက် တစ်တပ်တစ် အားပါပဲ။ ကျွန်တော်တို့ ဒီဇာတ်ပို့ဇာတ်ရံ တွေအတွက် သိန်းတစ်ရာက ဗီဒီယိုကား လေးတွေ ရိုက်လို့ရတယ်။ ဒီလို ရိုက်နေ နိုင်တဲ့အတွက် စက်မှုအဖွဲ့တွေ၊ ဇာတ်ပို့ ဇာတ်ရံလေးတွေ၊ ကိုလူချောအဖွဲ့တွေ အကုန်လုံးအလုပ်ရနိုင်တဲ့ အခြေအနေ ဖြစ်သွားတယ်။ ဒီအတိုင်းအတာလေးဆို ပေမယ့် ကျွန်တော်တို့အဖွဲ့တွေအတွက် တော်တော်ကို အတိုင်းအတာကြီးကြီး ထောက်ပံ့တဲ့အနေအထားတစ်ခုဖြစ်သွား တယ်။ အဲဒီအတွက် ကျွန်တော်တို့တွေ အတွက် ထိရောက်တဲ့ အကူအညီတစ်ခုလို့ သတ်မှတ်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။