images
UN
UN
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၃၁)နှစ်မြောက်ပါတီနှစ်ပတ်လည်နေ့ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ
Sunday, 22 September 2019
စက်တင်ဘာလ ၂၄ ရက်တွင်ကျရောက်မည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၃၁)နှစ်မြောက် ပါတီ နှစ်ပတ်လည်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁ဝနာရီက ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ တစညပါတီရုံးတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ဒေါပုံမြို့နယ်ဥက္ကဋ္ဌဦးသောင်းစိန်က ဆောင်ရွက်ပြီးတစညပါတီ အထွေထွေအတွင်း ရေးမှူးဦးသိန်းထွန်းနှင့်ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နိုင်ငံ တော်သီချင်းသီဆိုဖွင့်လှစ်၍သဘာ ပတိဦးသောင်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားပြီးနောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအထွေ ထွေအတွင်းရေးမှူးဦးသိန်းထွန်းက (၃၁)နှစ်မြောက်ပါတီနှစ်ပတ်လည် အခမ်းအနားကျင်းပရခြင်းနှင့် ပတ် သက်၍ရှင်းလင်းပြောကြားသည်။
''ကျွန်တော်တို့တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာလာ မယ့် စက်တင်ဘာလ ၂၄ရက်မှာ သက်တမ်း (၃၁)နှစ်ပြည့်မြောက် တော့မှာ ဖြစ်ပါတယ်။ ဆယ်စုနှစ် သုံးခုလွန် မြောက်ပြီးတော့ ၃၁နှစ် အတွင်းကို ရောက်ရှိတော့မှာဖြစ်ပါ တယ်။ ၃၁နှစ်အတွင်း ရောက် သည့်အထိ ကျွန်တော်တို့တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ ဟာ မြန်မာနိုင်ငံရဲ့ ပါတီစုံနိုင်ငံရေး စနစ်မှာ နိုင်ငံရေးပါတီတစ်ရပ် အဖြစ် ခိုင်ခံ့ရှင်သန်စွာ ရပ်တည် လျက်ရှိပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အရပ်ရပ်မှာလည်း နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုး စီးပွားကိုဦးထိပ်ထားပြီးလွှတ်တော်၊ အစိုးရ၊ အမျိုးသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများနဲ့အတူ ပူး ပေါင်းပြီး နိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ် အရပ်ရပ်တည်ငြိမ်တည့်မတ်အောင် ထိန်းညှိပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့ အမျိုးသားအင်အားစုတစ်ရပ် အဖြစ်လည်း အခိုင်အမာရပ်တည် လျက်ရှိပါတယ်။ နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့သော်လည်းကောင်း၊ အမျိုးသားအင်အားစုအတွင်း ခိုင် မာတဲ့ အင်အားစုတစ်ရပ်အနေနဲ့ သော်လည်းကောင်းရှေ့ခရီးမှာလည်း ကျွန်တော်တို့အားလုံး အတူတကွ လျှောက်လှမ်းကြရမှာဖြစ်ပါတယ်'' ဟု ပါတီအထွေထွေအတွင်းရေး မှူး ဦးသိန်းထွန်းက ပြောသည်။ ယင်းနောက် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး တွဲဖက်အတွင်းရေးမှူး ဦးကျော်နုက ပါတီဝင်အဆိုပြုလွှာ များအား ပါတီဗဟိုကော်မတီဝင် ဌာနချုပ်တွဲဖက်အထွေထွေအတွင်း ရေးမှူးဦးနေဝင်းထံသို့ ပေးအပ်ခဲ့ သည်။ ပါတီဝင်နှစ်စဉ်ကြေးများ ကို ရန်ကုန်တိုင်းဒေသကြီး ပါတီ ကော်မတီဝင်ဦးအောင်ညွန့်ကပါတီ ဗဟိုကော်မတီဌာနချုပ် နိုင်ငံရေး ကော်မတီကြီးတာဝန်ခံဦးခင်မောင် သိန်းအားပေးအပ်ခဲ့ကာသဘာပတိ က နိဂုံးချုပ်အမှာစကား ပြောကြား ပြီး အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။