images
UN
UN
စိန်ပဒေသာချမ်းသာရစေတီတော် ရွှေထီးတော် စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် အနေကဇာတင်လှူပွဲကျင်းပ
ကောင်းကင်အောင် Sunday, 22 September 2019
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ဆင်ဘွတ်ကလေးကျေးရွာ အရှေ့ ဘက် ဗောဓိငါးထောင်အနီး အောင်မင်္ဂလာ သာမောင်ကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ်တော်မူသည့် စိန်ပဒေသာချမ်း သာရစေတီတော် ရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် အနေကဇာတင်လှူပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ ဗဟိုမြို့မစာသင်တိုက် ဦးစီး ပဓာနနာယက ဆရာတော်ဘဒ္ဒန္တအရိယ ဝံသနှင့် ပင့်သံဃာအပါး ၂ဝြ<ွကရောက် တော်မူကြသည်။
အစီအစဉ်အရ မင်္ဂလာကျရောက်သော အချိန်တွင် စိန်ပဒေသာချမ်းသာရစေတီ တော် ကုသိုလ်ရှင် ပုသိမ်ကြီးမြို့ မြို့မ ရပ်ကွက်နေ ဦးလှရှိန်-ဇနီးဒေါ်သန်းစိန် မိသားစုနှင့် ဧည့်ပရိသတ်များက သံစဉ် လှိုင်းမြန်မာမှုတေးဂီတနှင့်အတူ ရွှေထီး တော်၊ စိန်ဖူးတော်များအား ဘုံအဆင့်ဆင့် တင်လှူပူဇော်ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် များက အဆိုပါစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ကြ သည်။ ထို့နောက် အလှူရှင်မိသားစုနှင့် ဧည့်ပရိသတ်များက ဗဟိုမြို့မစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တ အရိယဝံသထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှ ပေးဝေကြသည်။စေတီတော်၏ ဉာဏ် တော်အမြင့်မှာ ကိုးတောင်ပြည့်စေတီတော် ဖြစ်ကြောင်း သိရသည်။