images
UN
UN
တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် စေတနာ့ဝန်ထမ်းများအား သင်တန်းပို့ချ
မျိုးမြင့်အောင်(ဖောင်းပြင်) Monday, 23 September 2019
စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖောင်းပြင်မြို့ ပြည်သူ့ ဆေးရုံကြီး တီဘီဆောင်၌ ယနေ့ နံနက် ၉ နာရီက မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း(MHAA) တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် စေတနာ့ဝန်ထမ်းများအား ဒုတိယ နေ့သင်တန်းပို့ချမှု ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
တီဘီရောဂါသည် တီဘီပိုးမှ ဖြစ်ပေါ်လာပြီး လေထဲမှတစ်ဆင့် ပျံ့နှံ့ကူးစက်လွယ်သော ရောဂါ တစ်မျိုးဖြစ်ကြောင်း၊ ကမ္ဘာ့အဖြစ် အများဆုံးနိုင်ငံ ၃ဝ ထဲတွင် မြန်မာ နိုင်ငံပါဝင်လျက်ရှိပြီး အရေးကြီး ရှာဖွေကုသမှုများပြုလုပ်ကြရန် ဒေါက်တာကောင်းမြတ်က ပြော ကြားသည်။
ဆက်လက်၍ သံသယလူနာ ရှာပြီးညွှန်းပို့ကြရန်၊ တွေ့ရှိပြီး လူနာများကိုလည်း တိုက်ရိုက် ဆေးတိုက်ကျွေးမှုများပြုလုပ်ကာ အတူနေမိသားစုများအားလည်း သံသယလက္ခဏာများတွေ့ ရှိပါက ဆေးရုံဆေးခန်းသို့အချိန်မီပို့ဆောင် စစ်ဆေးပေးကြပါရန် ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ဟုမ္မလင်းတီဘီ ရောဂါတိုက်ဖျက် ရေးစီမံချက်ဆရာဦးကျော်ဇင်အောင် ကလည်းကောင်း၊ ဖောင်းပြင်တီဘီ တိုက်ဖျက်ရေးစီမံချက်မှ ဆရာ ဦးသန့်ဇင်ထွန်းကလည်းကောင်း အသီးသီး သင်ကြားသွားကြောင်း သိရသည်။