images
UN
UN
ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန် စံချိန်သစ်တင်
KK (IR) Tuesday, 24 September 2019
ကမ္ဘာလုံးဆိုင်ရာပျမ်းမျှအပူချိန် သည် လာမည့်ငါးနှစ်ကျော်တွင် စက်မှုလုပ်ငန်းများဆိုင်ရာ အဆင့် အထက် အနည်းဆုံး ၁ ဒသမ ၂ မှ ၁ ဒသမ ၃ ဒီဂရီဆဲလ်စီးရပ် အထိ မြင့်တက်နိုင်မည်ဟု ကမ္ဘာ့ မိုးလေဝသအဖွဲ့အစည်း (WMO) မှ တရားဝင်ပြောကြားခဲ့သည်ဟု သိရသည်။
ရိုက်တာသတင်းဌာနက ယမန် နေ့တွင် ကမ္ဘာလုံးဆိုင်ရာအပူချိန် နှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်း ရာတွင် နောင်လာမည့်ငါးနှစ်ကျော် တွင် အပူချိန်သည် အနည်းဆုံး ၁ ဒသမ ၂ မှ ၁ ဒသမ ၃ ဒီဂရီ ဆဲလ်စီးရပ်အထိ မြင့်တက်လာနိုင် သည်ဟု ၄င်းတို့အနေဖြင့် ခန့်မှန်းရ ကြောင်း WMO အကြီးတန်းသိပ္ပံ ဆိုင်ရာအရာရှိ အိုမာဘတ်ဒေါက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂအေဂျင်စီမှ ရာသီ ဥတုဆိုင်ရာ အစီရင်ခံစာထုတ်ပြန် ပြီးနောက်ပိုင်းတွင် ယင်းသို့မှတ် ချက်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။ ယင်းအစီရင်ခံစာတွင် ၂ဝ၁၁ -၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အပူချိန်သည် သုည ဒသမ ၂ ဒီဂရီ ဆဲလ်စီးရပ်အထိ တိုးမြင့်ခဲ့ပြီး၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် အကြား ငါး နှစ်အတွင်း အပူဆုံးကာလဟု သတ်မှတ်ဖော်ပြခဲ့ကြောင်း သိရ သည်။ Ref: new.com.au