images
UN
UN
၂ဝ၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော်ကြီး ဝင်ကြေးအခမဲ့ဖြင့်ကျင်းပမည်
အလင်း Wednesday, 25 September 2019
၂ဝ၁၉နှစ် စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက် ထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Mingalar Cineplex (Gamone Pwint) နှင့်Mingalar Cinemas Central Point ရုံများတွင် တရုတ် ရုပ်ရှင်ပွဲတော်ကြီးကို စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ် ပြီး ပြသချိန်အနေဖြင့် နံနက် ၆ နာရီခွဲမှာစတင်ပြီး နေ့စဉ်အခမဲ့ ပြသမည်ဟု သိရသည်။
အဆိုပါပွဲတော်တွင် ရွေးချယ် ထားသော ဇာတ်ကားစုစုပေါင်း ခြောက်ကားရှိပြီးဇာတ်ကားအမည် များမှာ မဲခေါင်စစ်ဆင်ရေး၊ မှော်ပဉ္စ လက်၊ မင်္ဂလာပါဘီလျံနာ၊ လေပွေ အမျိုးသမီးဘောလုံးအသင်း၊ခြောက် နှစ်နှင့် ခြောက်ရက်အကြာ၊ တောင် ပေါ်မှာပွင့်တဲ့အပြုံးပန်းအစရှိသော ဇာတ်ကားများဖြစ်ပြီးအချစ်၊အမုန်း၊ ဟာသ၊ စစ်ကားစသည်ဖြင့် ရသစုံ လင်စွာဖြင့်တင်ဆက်ပြသပေးမည့် အပြင် မြန်မာစကားပြောဖြင့် ပြသ သွားမည်ဟု သိရသည်။