images
UN
UN
နေရာလိုချင်သောကျွန်တော်နှင့် ရလိုမှုဆန္ဒဒုက္ခ
ခြိမ့်နိုင် Wednesday, 25 September 2019
ကျွန်တော် နေရာ မက်မောခဲ့ဖူးပါ သည်။ နေရာလိုချင်သော ရလိုမှုဆန္ဒ သည် အလွန်ပြင်းပြလာပါက ခံစားရမှု သည် ဒုက္ခတစ်ခုနှယ် ခံစားရပါသည်။
အကြောင်းမှာ ရလိုမှုအတ္တသည် အလိုဆန္ဒရမ္မက်ပါ၍ မသန့်ရှင်းသော ကြောင့် ပူလောင်ပြင်းပြ ဒုက္ခရောက်ရ ပါသည်။ အတ္တမပါဘဲ အများအကျိုး အတွက်သာ လိုအင်ဆန္ဒ လိုအပ်ချက်ကို မျှော်လင့်မိပါက သန့်ရှင်းသောပရအကျိုး ဖြစ်ပါက ပူပင်သောကရောက်စရာ မလို ပေ။ ထိုအသိÓဏ်ယှဉ်၍ နေရာမက်သူ များအတွက် ခံစားရေးသားတင်ပြပါ သည်။ ထို့ကြောင့် နေရာရရေးအတွက် ကြိုးစားခဲ့တာတွေကို ယနေ့မက်မော၍ ကြိုးစားနေသူများကို ကိုယ့်အတွက်လား၊ အများအတွက်လားဟုမေးရင်း ကိုယ်တွေ့ လုပ်ငန်းစဉ်လေးကိုတင်ပြလိုက်ရပါသည်။
နေရာသည် အလွန်အရေးကြီးပါ သည်။ နေရာရမှ အဆင်ပြေပြီး နေရာမရ က အလွန်ခက်ခဲလှပါသည်။
ဒါကြောင့်လည်း လူတွေ လူတွေ နေရာရဖို့ ကပ်ကြ ပူးကြ ဖားကြ ရူးကြ ဘဝမေ့ကြတာကိုး။ နေရာ မရခင်က အပြောတစ်မျိုး၊ နေရာရတော့ အပြော တစ်မျိုး ဖြစ်တတ်ကြပေသကိုး။
ကျွန်တော် နေရာ မက်မောခဲ့စဉ်က၊ နေရာရရေး ကြိုးပမ်းခဲ့စဉ်က ခံစားရတဲ့ အတွေ့အကြုံလေး ဝေမျှချင်ပါသည်။
ကျွန်တော်တို့ မြို့နယ်ဒေသသည် ဧရာဝတီတိုင်းထဲကမြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ပါသည်။ဧရာဝတီသင်္ဘောလမ်းဆုံရာ ဆိပ်ကမ်းမြို့လေး ဖြစ်ပါသည်။ ရန်ကုန်မှ ပြည်၊ ဟင်္သာတ၊ မြောင်းမြ၊ မော်ကျွန်း၊ အိမ်မဲ၊ ဖျာပုံ၊ လပွတ္တာ၊ ပုသိမ် အပြင် မအူပင်-ရန်ကုန် နေ့ချင်းပြန်သင်္ဘောသပ် သပ်ရှိပါသဖြင့် စုံလှပါသည်။
ရန်ကုန်ကို ဈေးဝယ်ဖို့ဖြစ်စေ၊ ရုံး အလုပ်ကိစ္စဖြစ်စေ သွားမည်ဆိုလျှင် နေ့ ချင်းပြန်သွားလို့တော့ရပါသည်။ သို့သော် နံနက်သွား ညနေမှ ပြန်ရောက်ပါသည်။
ကျန်းမာရေးကိစ္စ အရေးကြီးလျှင် တော့ ပဲ့ထောင်ခေါ် စက်လှေကလေးငှား သွားကြရပါသည်။
သင်္ဘောလမ်းဆုံ၍ စီးစရာ သင်္ဘော များသော်လည်း ကြားခရီးဖြစ်၍ နေရာ အခက်အခဲ ရှိပါသည်။ ခရီးစဉ်အစ ကတည်းကပါလာသည့် ခရီးသည်များက ကြိုနေရာယူထားသဖြင့် မိမိတို့ ဆိပ်ကမ်း ရောက်တော့ နေရာအခက်အခဲ ကြုံရခြင်း ဖြစ်ပါသည်။ မိမိတို့ ဆိပ်ကမ်းရောက် တော့ ဆင်းမည့် ခရီးသည်နေရာ ဒါမှ မဟုတ် အခြားထိုင်လို့ရမည့် နေရာရရှိဖို့ နေရာလုကြရပါသည်။ မိမိတို့မှာ ဆိပ်ခံ ဘောပေါ်ကနေ သင်္ဘောပေါ်သို့ အလု အယက်ပြေးလည်း မတက်နိုင်။ ခြေချော် ၍ ရေထဲကျမှာလည်း စိုးရသေးသည်မို့ ကမ်းနားက ပျံကျဘောက် လုပ်သားလေး တွေကို နေရာလုခိုင်းရသည်။


သူတို့ကို မုန့်ဖိုး လက်ဖက်ရည်ဖိုး ပေးရသည်။ ကျွန်တော်တို့ ခရီးသွားစဉ် သက်သာ အဆင်ပြေဖို့ ပျံကျ ဘောက် သမားတွေရဲ့ စွမ်းပကားကလည်း အရေး ပါလှသည်။ သူတို့ခမျာလည်း မလွယ်လှ။ အန္တရာယ် နီးလှသည်။
သင်္ဘောမဆိုက်မီ တစ်လံကျော်ခန့် အကွာ လွှားခနဲ ခုန်ကူးပြီး လက်ရန်းကို ကျော်တက်၊ သင်္ဘောထဲခုန်ဆင်းပြီးနေရာ ဦးပေးကြရသည်။ ဒါတောင် စာနာမှုမရှိ သော ခရီးသည်ကတ်ဖဲ့တချို့က ဈေးဆစ် သေး၏။ နေရာ မိုးကွယ်လေကွယ် မဖြစ် လို့နေရာနေထိုးလို့ နေရာကျဉ်းလို့ စသည် ဖြင့် ပြောပြီး နေရာရှာပေးခဈေးဆစ်ကြ သေး၏။
တကယ်တော့ ကိုယ်နေရာ ရဖို့ သူ တစ်ပါးကို အသုံးချခြင်းပင်။ သူတို့ခမျာ နေရာဦးတာ မလွယ်ပါ။ တစ်ခါက ရေ ထဲပြုတ်ကျ၍ သေဆုံးခဲ့ဖူးသည်။ ထို ကလေးအဖြစ်မှာ ရင်နာ ရင်နင့်စရာပါ။ သူ့အမေက ကမ်းနားဆိပ်မှာ အကြော် ရောင်းသူ။ သားက ပျံကျ ဘောက်ထမ်း သမား လုပ်သည်။ နံနက်ပိုင်းက အြေ<ွကး ရှင်က နေ့ပြန်တိုး မဆပ်နိုင်လို့ သူ့အမေ ကို ပြောဆိုသံကြားရသဖြင့် အတိုးဆပ်ဖို့ ငွေရလိုစိတ်ဖြင့် နေ့ခင်းဘက် လပွတ္တာ သင်္ဘောပေါ် နေရာလုတက် ခုန်ကူးရင်း ရေထဲပြုတ်ကျသေဆုံးခြင်း ဖြစ်ပါသည်။ နေရာလိုသူတွေရဲ့ နေရာအခက်အခဲကို မရှိဆင်းရဲသား ချို့တဲ့သူများကို အသုံးချ ခြင်း ဇာတ်လမ်းပင်တည်း။
ဒါ ဟိုစဉ်ကာလအချိန်များက ဖြစ်စဉ် များပါ။ ကြာခဲ့ပါပြီ။ နောက် တပ်မတော် အစိုးရကာလမြစ်ကူးတံတားတွေဆောက်၊ လမ်းတွေဖောက်တော့ မအူပင် မြစ်ကူး တံတားဖြစ်လာသလို မအူပင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ် တွေလည်း ဖွင့်လှစ်နိုင်ပြီ။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ်ချင်းဆက်လမ်း ကွန်ရက်တွေဖောက်လေတော့ လမ်းပန်း ဆက်သွယ်ရေးကုန်ပစ္စည်း စီးဆင်းမှုတွေ မြန်ဆန်လာသလို ဒေသဖွံ့ဖြိုးရေးတွေ မြင့်မားလာတယ် စီးပွားရေးအလုပ် အကိုင်တွေ ပွင့်လင်းလာတယ်။ ဒါလည်း အဲဒီအချိန်က ကိုယ့်မြို့သား အဆင့်မြင့် မြင့် အကြီးအကဲရဲ့ ကြိုးစားပေးမှုနဲ့နိုင်ငံ တော်ရဲ့ စေတနာတာဝန်လည်း ပါပေမ ပေါ့။ ဒါ ဖားပြောတာ မဟုတ်ဘူးနော်။ သမိုင်းအဖြစ်မှန်မို့ မှတ်တမ်းပြု ဖော်ပြ တာပါ။ ထားပါ။ နေရာအကြောင်း ဆက် ပြောပါရစေ။
သင်္ဘောလမ်းတွေ အသုံးနည်းတော့ ကားလမ်းတွေခေတ်ကောင်းပြီး သွားရေး လာရေး မြန်ဆန်လာတယ်။ မအူပင် ရန်ကုန် တစ်နာရီကျော်ကျော်ဆို ရောက် တယ်။ြ<ွကားပြောရင် ရန်ကုန်ကို လက် ဖက်ရည် တက်သောက်ရင်တောင် ခဏ လေး မကြာဘူး။ မအူပင် ကားဂိတ်ကနေ လှိုင်သာယာBOC ဂိတ်စီးမလား၊ တွံတေး တံတားဖြတ်ပြီး ဒလဂိတ် စီးမလား၊ ရန်ကုန်ဆို ခဏလေး။
လူဆိုတာလွယ်ပြန်တော့လည်းအလို မကျချင်။ နေရာကောင်းကောင်း လိုချင် သည်။ ဟိုးနောက်ဆုံးတန်း ခုံနေရာမလို ချင်။ဒရိုင်ဘာနောက်နား လေဝင်လေထွက် ရှိ အဆင်းအတက်လွယ်သော နေရာမျိုး လိုချင်ပြန်သေးသည်။
နေရာလိုချင်လျှင် ကိုယ်က စောစော ရောက်ပြီး လက်မှတ်ဝယ်ပေါ့။ အများက ချမှတ်ထားသည့် စည်းကမ်းအရ ဦးသူ အရင်ပေါ့။ကိုယ်က နောက်ကျရောက်ပြီး မှ နေရာကို ထိပ်ယူချင်၊ မရတော့ မကျေ နပ်ဖြစ်လို့ဘယ်တရားပါ့မလဲ။ လက်မှတ် ရောင်းသူကလည်း အများနဲ့ ဆက်ဆံ နေရတာ စည်းကမ်းအရပဲ ရောင်းပေးနိုင် မှာပေါ့။
ဒါကို တချို့ခရီးသည်တွေက သဘော ထားမတူကြ။ သေးသိမ်ကြသည်။ အဲ နေရာကောင်းလည်း လိုချင်တယ်။ ကိုယ် ကြိုးစားမှုကလည်းမရှိ။ သဘောထားက လည်း မမှန်တော့။ ဟော နောက်ခရီးသွား နောက်ကား ပြောင်းစီးပါလေရော။ ဒါ လူ့သဘာဝပါပဲ။ကျွန်တော်တို့ ကိုယ်တိုင် လူပီသစွာကိုယ့်ကိုနေရာပေး၊ ဦးစားပေး လို့ စိတ်ကြိုက်တွေ့တော့ သဘောခွေ့ ကျေနပ်မိပါတယ်။ နေရာလည်းမရ၊ ခရီး ကလည်း မသွားမဖြစ်တော့ ကျရာကြုံရာ ကနေ စီးသွားရလို့ မကြည်မလင် မကျေ နပ်ခံစားရတာလည်း ကြုံဖူးပါသည်။
တချို့  ခပ်ပေပေ ဘုသမားများက အငေါ်တူး ပြောကြသေးသည်။ ကိုယ် ကြိုက်တဲ့နေရာ ထိုင်ချင်ရင်၊ အချိန်မရွေး စီးချင်ရင် ကိုယ်ပိုင်ကားဝယ်စီးတဲ့။ လိုင်း ကားကတော့ အများဆန္ဒ အများစည်း ကမ်းပဲတဲ့။ တစ်ခါတစ်ခါ သူများလမ်း မှာ ဆင်းလို့ သူ့နေရာလေး ပြောင်းပြီး ပြေးလုထိုင်ရတာလည်း အရသာပါ။ ဘယ်သူ ဘယ်တော့ ဆင်းမလဲ။ လေ့လာ ရတာလည်းရှိပါရဲ့။ ဒါလည်း လူကောင်း သူကောင်း စိတ်ဓာတ်ကောင်းမဟုတ်ပေ။ သူများကျပျောက်မှ ကောက်ရတဲ့ပစ္စည်း ကိုလိုချင်သလို မတရားသူများနေရာကို ရချင်တဲ့စိတ်နဲ့ ဆင်းပါစေ၊ ဆင်းပါစေ၊ မကောင်းပြော မကောင်းမြင်စိတ်လည်း မထားသင့်ပေ။
ဘယ်လိုပင် ဖြစ်စေကာမူ ကျွန်တော် တို့သည် တရားမသိ၊ မတရားပဲ သိတဲ့ အန္ဓပုထုဇဉ်ခရီးသွားတွေပင်။ အမှားများ နှင့်ကခုန်ယဉ်ပါးပြီး အမိုက်မှာ ပျော်ပိုက် နေကြသူများဖြစ်သည်။
နေရာတကာ မိမိအတ္တကို ရှေ့တန်း တင်ကြသည်။ သူများထက် မိမိက ပို၍ အသာစီး ရချင်ကြသည်။ တရားခြင်း မတရားခြင်းမတွက်။ ကိုယ်သာဖို့ ဘယ် သူနာနာဝေဒနာရှာချင်ကြသည်။အကောင်း လုပ်လည်း အကောင်းမမြင်၊ အကောင်း ပြောလည်း အကောင်းစိတ်ဖြင့် မကြား တတ်ပေ။ လောဘသားကောင် အတ္တ နှောင်၍ ပူလောင်ပြင်းပြလိုဆန္ဒဖြင့် သင့် ၏မသင့်ကျိုးကြောင်းဆင့်၍မြှင့်၍ မတွေး အမှန်ဝေးကွာ ဖြစ်နေကြရပါသည်။
မိမိ မိသားစုအတွက် ခရီးသွားရာပဲ ဖြစ်ဖြစ်၊ မိမိအဖွဲ့အစည်းအတွက် ခရီး သွားရာပဲဖြစ်ဖြစ်၊ တိုင်းပြည်နဲ့ လူမျိုး အတွက် ခရီးသွားရာပဲဖြစ်ဖြစ် ကောင်း သော ခရီးများဖြစ်၍ ခရီးပေါက်အောင် မြင်ဖို့ပဲ ဖြစ်ပါသည်။
ခရီးစဉ်မှာ နေရာသည် အဓိကမဟုတ်၊ စေတနာသည်သာ အဓိကဟု မြင်ပါသည်။ စေတနာကောင်းလျှင် အတွေးအခေါ် ကောင်း မည်။ အလုပ်လမ်းစဉ်မှန်၍ ကောင်းမွန်အောင် မြင်မည်ဖြစ်သည်။
ကျွန်တော် မအူပင်-ရန်ကုန်ခရီးသွားစဉ်က ဂိတ်ဆုံးရောက်သောအခါ စပယ်ယာလေး၏ သတိပေးသံလေးက သံဝေဂရစရာပါ။
''ကဲ...ခရီးသည်များခင်ဗျာ၊ ဂိတ်ဆုံး ရောက်ပါပြီ။ ကိုယ့်မှာပါတဲ့ပစ္စည်းလေးတွေ စုံမစုံ ကြည့်ပါ။ မှားကျန်မေ့ကျန် တာဝန်မယူပါ''တဲ့။
'နေရာမက်သော ကျွန်တော်' စာစုနိဂုံးပြုပါ မည်။
ကျွန်တော်တို့သည် သံသရာခရီးသည်တွေ ဖြစ်ပါသည်။ လောကကြီးထဲ လာစဉ်ကလည်း တစ်ယောက်တည်း၊ပြန်တော့လည်း တစ်ယောက် တည်းပါ။ လာစဉ်က ဘာမှမပါလာပေမယ့် အပြန်မှာတော့ ကုသိုလ် အကုသိုလ်အထုပ် ပါ ပါလိမ့်မည်။ ကောင်းတာလုပ်က ကောင်းကျိုး ရမည့် ကုသိုလ်အထုပ်နှင့် မကောင်းတာလုပ်က မကောင်းကျိုးပေးမည့် အကုသိုလ်အထုပ်ဖြစ် သည်။ ကျွန်တော်တို့ မက်မောတွယ်တာ ရှာဖွေ ရရှိခဲ့သည့် နေရာ၊ ရာထူး၊ ပါဝါ၊ အာဏာ၊ အသပြာ၊ ဥစ္စာ၊ တိုက်တာ၊ ရတနာအစုစုသည် ဂိတ်ဆုံးရောက်သော် ဘာမှမပါ။ မသယ်ယူနိုင် ပါ။
ခရီးဂိတ်ဆုံးအထိပါလာမည့် ကုသိုလ်နဲ့ အကုသိုလ် အထုပ်နှစ်ထုပ်ကတော့ ကံ ကံ၏ အကျိုးခံစားရယူပါလာတာမို့ မှားပြီး ချန်ထား ကျန်ထားလို့လည်းမရ။ မေ့ပြီးထားလို့လည်း မရ နိုင်ပါ။ ဘယ်သူမှ တာဝန်ယူမည် မဟုတ်ပါ။
မိမိအလုပ် မိမိအထုပ် မိမိတာဝန်သာ ဖြစ်ပါ ကြောင်း။