images
UN
UN
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနား ရမည်းသင်းမြို့တွင်ကျင်းပ
ထွန်းတင့်တင့်လှိုင်(သီလဝမြေ) Wednesday, 25 September 2019
တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ(၃၁)နှစ်မြောက်ပါတီ နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးရမည်းသင်း မြို့ တစညပါတီရုံးတွင် ယမန်နေ့ နံနက် ၉နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် အလံကိုအလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်းတို့ကိုပြုလုပ်ပြီး သဘာပတိဦးထွန်းဖြူက အဖွင့်မိန့် ခွန်းပြောကြားကာ ပါတီနာယက ဒေါ်ခင်စမ်းတင်က အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ပါတီ ဥက္ကဋ္ဌဦးသန်းတင်ထံမှ ပေးပို့သော (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ် လွှာကို ဦးဝင်းသိန်းကဖတ်ကြား တင်ပြပြီး ဟောပြောဆွေးနွေးချက် စာတမ်းကို ဦးညွှန့်ဝေ၊ ဦးမင်း မင်းတို့ကဖတ်ကြားသည်။ တိုင်း ရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပါတီ(၃၁)နှစ်မြောက်အထိမ်း အမှတ်နေ့တွင် ထုတ်ပြန်သော သဘောတရားရပ်တည်ချက်များကို ဦးစောရွှေကဖတ်ကြားတင်ပြသည်။ ပါတီနှစ်စဉ်ငွေကြေးများနှင့် ပါတီ ဌာနချုပ်သို့လှူဒါန်းငွေများကို စုပေါင်းပေးအပ်သည်။ ဆက်လက် ၍ တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါတီ၊ မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌဦးစိုးလွင်က ပါတီစည်း ရုံးရေးရာကိစ္စများနှင့်၂ဝ၂ဝရွေး ကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ် များရှင်းလင်းဆွေးနွေးသည်။ တက်ရောက်လာကြသောရပ်ကွက်၊ ကျေးရွာပါတီစည်းရုံးရေးကော်မတီ ဝင်များမှ အကြံပြုတင်ပြဆွေးနွေး ခြင်းအပေါ် မြို့နယ်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်စာတန်းနှင့် သဘော တရားရပ်တည်ချက်စာတန်းများ ကို အတည်ပြုချက်ရယူပြီး သဘာ ပတိက နိဂုံးချုပ်မိန့်ခွန်းစကား ပြောကြားခဲ့သည်။