images
UN
UN
ရုရှားနှင့်ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ရန် ဗင်နီဇွဲလားကြိုးပမ်း
Thursday, 26 September 2019
ဗင်နီဇွဲလားသမ္မတ မာဒူရိုသည် မော် စကိုမြို့၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံ ခဲ့ရာတွင် နှစ်နိုင်ငံကြား၌ ဆက်ဆံရေး ကောင်းများ တည်ဆောက်ရန် ရည်ရွယ် သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြသည်။
ရုရှားသည် ဗင်နီဇွဲလားနိုင်ငံအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအကျပ် အတည်းများ ကြီးထွားလာချိန်တွင် မာဒူရို ဦးဆောင်သော ဗင်နီဇွဲလားအစိုးရအား ကျောထောက်နောက်ခံပေးခဲ့သည့်နိုင်ငံဖြစ် သည်။ ရုရှားသည် ဗင်နီဇွဲလားနိုင်ငံအတွင်း သို့ ခရီးရှည်ပျံသန်းနိုင်သော ဗုံးကြဲလေ ယာဉ်များစေလွှတ်ခဲ့သည့်အပြင် စစ်အကြံ ပေးများကိုပါ ပေးပို့ခဲ့သည်။ မာဒူရိုသည် ပူတင်နှင့်တွေ့ဆုံရာ၌ တောင်အမေရိက နိုင်ငံများ လွတ်လပ်ရေးရရှိစေရန် ဦးဆောင် ကြိုးပမ်းခဲ့သော ဆိုင်မွန်ဘိုလီဗာကိုင်တွယ် ခဲ့သည့် ဓားနှင့်ပုံစံတူပြုလုပ်ထားသည့် ဓားတစ်စင်းအား လက်ဆောင်ပေးခဲ့သည်။
NG(Ref; RT)