images
UN
UN
အင်တာမီလန်သည် တိုးတက်ပြီးအသင်းဖြစ်နေဟုကွန်တီပြော
Thursday, 26 September 2019
အင်တာမီလန်နည်းပြ ကွန်တီက အီတလီကလပ်သည် ပြီးခဲ့သော နှစ်အနည်းငယ်ကတည်းက တိုးတက်နေပြီးသောအသင်းဖြစ်နေသည်ဟု ပြောကြားလိုက်သည်။ အင်တာမီလန်သည် ရာသီအဖွင့်ပွဲစဉ်ငါးပွဲစလုံး အနိုင်ရရှိထားပြီး အမှတ်ပေးဇယားအားဦးဆောင်နေသည်။ နည်းပြကွန်တီ သည်လည်း အင်တာမီလန်အသင်းသမိုင်းတစ်လျှောက် ရာသီအဖွင့်လိဂ် ပွဲငါးပွဲဆက်အနိုင်ရရန်စွမ်းဆောင်ပေးနိုင်သော ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။ နည်းပြကွန်တီက ''ကျွန်တော်တို့ရဲ့ ရာသီ အဖွင့်ပွဲစဉ်တွေထဲမှာ ပြိုင်ဘက်ကောင်းတွေပါဝင်ခဲ့လို့ ဒီနိုင်ပွဲတွေက ခက်ခဲ တဲ့နိုင်ပွဲတွေလို့ပြောရမှာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အောင် မြင်မှုမရခဲ့ပေမယ့် အသင်းက လေးနှစ်လောက်စုစည်းမှုရှိနေလို့ တိုးတက် ပြီးဖြစ်နေတာပါ''ဟုပြောသည်။ Ref; Skysports