images
UN
UN
လာမည့်ပွဲစဉ်သုံးပွဲအထိ တိုက်စစ်မှူးမက်ဆီ လွဲချော်ဖွယ်ရှိ
Thursday, 26 September 2019
ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ သည် ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲ အပါအဝင် အသင်း၏လာမည့်ပွဲစဉ် သုံးပွဲကို ဆက်လက်လွဲချော်ဖွယ်ရှိ နေသည်။ မက်ဆီသည် ယခုရာသီ အစောပိုင်းပွဲစဉ်များကို ဒဏ်ရာ ပြဿနာကြောင့် လွဲချော်ခဲ့သူဖြစ် ပြီး ပြီးခဲ့သော အင်္ဂါညတွင်ယှဉ် ပြိုင်ခဲ့သည့်ဗီလာရီးရဲလ်နှင့် လာ လီဂါပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင် ခဲ့သည်။ အဆိုပါပွဲစဉ်တွင် ၄င်း အတွက် ယခုရာသီ၏ ပထမဦးဆုံး ပွဲထွက်ပါဝင်ရသည့်ပွဲစဉ်ဖြစ်ခဲ့သော် လည်းပေါင်ဒဏ်ရာ ထပ်မံရရှိခဲ့ သည်။
''ပွဲထွက်အသင်းက တိုက်စစ် မှူးမက်ဆီဟာ ဘယ်ဘက်ပေါင် ဒဏ်ရာရရှိမှုကြောင့် အနားယူရပါ လိမ့်မယ်။ သူ့ရဲ့ဒဏ်ရာက အနား ယူရမယ့်အချိန်ကိုအတိအကျမပြော နိုင်သေးပါဘူး''ဟု ဘာစီလိုနာက သတင်းထုတ်ပြန်ခဲ့သည်။ မက်ဆီ သည် ပြီးခဲ့သော ဘောလုံးရာသီ က ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ပွဲ ၅ဝ ကျော်အထိ ပါဝင်ကစား ပေးခဲ့သူဖြစ်သည်။သို့သော်သြဂုတ် လအတွင်းက ဘီလ်ဘာအိုနှင့်ပွဲစဉ် တွင် ဒဏ်ရာရရှိပြီးနောက်ပိုင်း ကြံ့ ခိုင်မှုမပြည့်ဘဲ ရုန်းကန်နေရသူ လည်းဖြစ်သည်။ ၄င်း၏နေရာတွင် ပါဝင်ကစားနေသောပြင်သစ်တိုက် စစ်မှူး ဂရစ်ဇ်မန်းသည်လည်း တစ်ပွဲနှင့်တစ်ပွဲခြေစွမ်းတူညီမှုမရှိ ၍ ဘာစီလိုနာသည် ရလဒ်ကောင်း ရန် ရုန်းကန်နေရဆဲဖြစ်သည်။ မက် ဆီသည် အင်တာမီလန်နှင့် ချန်ပီယံ လိဂ်ပွဲစဉ်အပါအဝင် ဂီတာဖေး၊ ဆီ ဗီလာတို့နှင့် လာလီဂါပွဲစဉ်များကို လွဲချော်နိုင်ဖွယ်ရှိပြီးဆလားဗီးယား နှင့်ပွဲမှသာ ကြံ့ခိုင်မှုအပြည့်ရဖွယ် ရှိသည်။ Ref;AS