images
UN
UN
ဆော်ဒီအားကူညီရန် တပ်သား ၂ဝဝ နှင့် ဒုံးကျည်ကာကွယ်ရေးပစ္စည်းကိရိယာများ အမေရိကန်ကပေးပို့မည်
KK(IR) Friday, 27 September 2019
ယခုလ အစောပိုင်းတွင် ဆော်ဒီ ရေနံချက်စက်ရုံများ လေကြောင်း မှ တိုက်ခိုက်မှုများပြုလုပ်ခြင်းခံရ ပြီးနောက် ၄င်း၏ကာကွယ်ရေးကို အကူအညီပေးရန် ဆော်ဒီအာရေး ဘီးယားသို့တပ်သား ၂ဝဝ နှင့် ဒုံး ကျည်ကာကွယ်ရေးပစ္စည်းကိရိယာ များကို ပေးပို့သွားမည်ဟု အမေရိ ကန်က ယမန်နေ့တွင်ထုတ်ပြန်ကြေ ညာလိုက်ကြောင်း သိရသည်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ Jon-athan Huffman ၏ပြောကြား ချက်အရ ကာကွယ်ရေးဝန်ကြီးMark Esper က အမေရိကန်အနေ ဖြင့် Army Patriot ဒုံးကျည်ကာ ကွယ်ရေးအမြောက်တပ်ခွဲတစ်ခု၊ ကင်းစောင့်ရေဒါယူနစ် လေးခုနှင့် ၄င်းတို့ကို ကိုင်တွယ်ဆောင်ရွက်ရန် တပ်ဖွဲ့ဝင်၂ဝဝတို့ကို တပ်ဖြန့်ထား ရှိသွားမည်ဟု ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ဖြန့်ထားရှိမှုသည် စစ်တပ်နှင့်အရပ်သားတို့၏ အလွန် အရေးပါသည့် အခြေခံအဆောက် အအုံများဆိုင်ရာ ဆော်ဒီနိုင်ငံ၏ လေကြောင်းနှင့်ဒုံးကျည်ကာကွယ် ရေးကို အလွန်အားကောင်းစေမည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဆောင်ရွက်ချက်များသည် အရှေ့ အလယ်ပိုင်းဒေသတွင်ဒေသဆိုင်ရာ မိတ်ဖက်များ၊ တည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံမှုရှိစေရေးတို့အတွက် ပြုလုပ်ထားသည့် အမေရိကန်၏ ကတိကဝတ်များကို သရုပ်ဖော်ပြမှု တစ်ခုပင်ဖြစ်သည်ဟုလည်း Hu-ffman က ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။ Ref: UPI