images
UN
UN
ဘီးလင်းမြို့နယ်တွင် လေးခွဖြင့်ပစ်သူအပေါ် အမှုဖွင့်အရေးယူ
Friday, 27 September 2019
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာနေ ကျော်ဆန်းထူး (၂၈နှစ်)သည် ယမန်နေ့ ည ၈ နာရီခွဲက နေအိမ်၌ရှိနေစဉ် ခင်မင် ရင်းနှီးသူ တစ်ရွာတည်းနေ နိုင်ဝင်း ထွန်း(၃၇နှစ်) ရောက်ရှိလာပြီး ကျော်ဆန်းထူး၏ အစ်ကိုဖြစ်သူ တစ်ရွာတည်းနေ ဆန်းဦး(၄၁နှစ်) အား ဘီးလင်းမြို့နယ် အလူး ကျေးရွာနေ ကျော်ထူး (၅၃နှစ်)မှ လေးခွဖြင့်ပစ်ခဲ့ကြောင်းပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ အစ်ကိုဖြစ် သူ ဦးခေါင်းနောက်တွင် ဒဏ်ရာ များတွေ့ရသည်။
ဖြစ်စဉ်အား စုံစမ်းရာ အစ်ကို ဖြစ်သူနှင့် သူငယ်ချင်းများသည် ဘီးလင်းမြို့နယ် အလူးကျေးရွာနေ ဦးလှိုင်ဦး၏နေအိမ်ရှေ့တွင် စကား ထိုင်ပြောနေစဉ် ကျော်ထူးရောက်ရှိ လာပြီးမျက်နှာများလိုက်ကြည့်ကာ အစ်ကိုဖြစ်သူဆန်းဦး၏ ဦးခေါင်း အား နောက်မှလေးခွဖြင့်ပစ်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဘီးလင်း မြို့မ ရဲစခန်းမှ ကျော်ထူးကို (ပ) ၃၅၆၉/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။