images
UN
UN
မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တက်ရောက်လောင်းလှူ
ကိုဖြိုး Friday, 27 September 2019
မွန်ပြည်နယ် မော်လမြိုင်မြို့၌ (၁၈၆) ကြိမ်မြောက် မော်လမြိုင်မြို့လုံးကျွတ်ဆွမ်း ဆန်တော်လောင်းလှူပွဲကို ယမန်နေ့နှင့် ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ကျင်းပ ခဲ့ပြီး အဆိုပါ ဆွမ်းဆန်တော်လောင်းလှူ ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မွန်ပြည်နယ်ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပါတီအတွင်းရေးမှူးဦးဝင်းမော်ဦး၊ မြို့နယ် ပါတီတာဝန်ခံဦးလွင်မိုး၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဋ္ဌဦးစိုးထွန်းနှင့်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အသင်းသား အသင်းသူများက တက်ရောက်၍ ဆွမ်း ဆန်စိမ်း လောင်းလှူခဲ့ကြသည်။
ထိုလောင်းလှူပွဲကို မော်လမြိုင်မြို့ နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာတို့ရှိ ကျောင်း ပေါင်း ၃၁ဝတို့က ဆရာတော်သံဃာတော် များ၊ သာမဏေများ၊ သီလရှင်များအပါ အဝင် အပါး ၈ဝဝဝ ကျော်ြ<ွကရောက်၍ ဆွမ်းဆန်စိမ်းများ အလှူခံရာ မော်လမြိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ နေ ဗုဒ္ဓဘာသာဝင်မြို့သူ၊ မြို့သားများက ဆန်နှင့်ဖယောင်းတိုင်၊ အမွှေးတိုင်၊ ဆပ်ပြာ စသည့် လှူဖွယ်ပစ္စည်းများ လောင်းလှူ ကြသည်။
ဆရာတော် သံဃာတော်များ၊ သာ မဏေများ၊ သီလရှင်များသည် မော်လမြိုင် မြို့ ဇေယျာသီရိရပ်ကွက် ဇေယျာ(၂)လမ်း ရှိ လောကမာရဇိန်ငွေဘုံသာ ဆုတောင်း ပြည့်စေတီတော်ရှေ့မှ ဇေယျာ(၂)လမ်း၊ မျှော်လင့်လမ်း၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျိုက်ဖနဲရပ်ကွက်၊ အောက်ကျင်းရပ် ကွက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်၊ မန္တလေးရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ စစ်ကဲကုန်းရပ်ကွက်၊ အောက်လမ်းမကြီး မင်းလမ်းအတိုင်း သာယာကုန်းရပ်ရှိ ဝတ် တော်ကြီးထိ ဆွမ်းခြံ<ွကရောက်ခဲ့ကြ ကြောင်း သိရသည်။