images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ အထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေး
Friday, 27 September 2019
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ယနေ့ နံနက် ၉နာရီတွင် လယ်ဝေးမြို့နယ် ရှားချောင်းအုပ်စု ရှားချောင်းကျေး ရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားတက်ရောက်အားပေး ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌဦးဝေလွင်က ယနေ့ခေတ်သည် ပညာ ခေတ်ဖြစ်သည်နှင့်အညီ ပညာရေးသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်ကြောင်း၊ ပညာရေးဆိုင်ရာများ ပြောကြားခဲ့ပြီး မိမိတို့ပြည်ခိုင်ဖြိုးပါတီအနေ ဖြင့် ယခုကျောင်းအတွက် သောက်သုံးရေ လိုအပ်နေသည်ဟုတင်ပြလာမှုအပေါ် ငွေ ကျပ် ၁၇သိန်းတန်ဖိုးရှိ စက်ရေတွင်း၊ ရေ ကန်နှင့်ရေမှုတ်စက်များကိုလှူဒါန်းပေးခြင်း မှာလည်း ပညာရေးကိုအားပေးကူညီခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့ နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ် စာတမ်းများပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်း အကျိုးတော်ဆောင်အဖွဲ့က စက်ရေတွင်း လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ လယ်ဝေးမြို့ နယ်ဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် ကော်မတီ ဝင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရပ်/ကျေးပါတီကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အောင်အောင်(နေပြည်တော်)