images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး စဥ့်ကူးမြို့နယ်အမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်
Saturday, 28 September 2019
အမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီမှ ညနေ၄နာရီအထိ မြို့နယ်ပါတီရုံးခန်းမတွင်ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဗဟိုအမျိုးသမီးရေးရာတာဝန်ခံဒေါက်တာစန်းစန်းနွယ် တက်ရောက်အားပေးခဲ့သည်။အမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲတွင် စဥ့်ကူးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင် ဝင်းက ဒေသအခြေအနေများအား ရှင်း လင်းတင်ပြခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုကော် မတီဝင်များ ဖြစ်ကြသောဒေါ်ခင်ရွှေမြင့်၊ ဒေါ်လှလှအေး၊ ဒေါ်သန်းသန်းအေး တို့က ပါတီ၏မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ အမျိုးသမီးကဏ္ဍ ဆောင်ရွက်ချက်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့်ပတ် သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက် လာကြသည့် အမျိုးသမီးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ခိုင်ဖြိုးပါတီမှတာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုပ် သိမ်းခဲ့သည်။
ဆွေးနွေးပွဲအခမ်းအနားပြီးဆုံးချိန်တွင် အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသမီးများအား အိမ်တွင်းမှုတစ်ပိုင် တစ်နိုင်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင် ရန်အတွက် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်ပုံ အဆင့်ဆင့်နှင့် ခေါင်းလျှော်ရည်ပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသင်ကြား ပေးခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတွင်းရေးမှူး ဗဟိုအမျိုးသမီးရေးရာ တာဝန်ခံဒေါက်တာ စန်းစန်းနွယ်၊ ပါတီ ဗဟိုကော်မတီဝင် ဗဟိုအမျိုးသမီးရေးရာ ဒုတိယတာဝန်ခံ ဒေါ်ခင်ရွှေမြင့်၊ ပါတီဗဟို ကော်မတီဝင်များဖြစ်ကြသော တိုင်းဒေသ ကြီးပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံဒေါ်လှလှအေး၊ တွဲဖက်တာဝန်ခံ ဒေါ်သန်းသန်းအေး၊ စဥ့်ကူးမြို့နယ်ပါတီ ဥက္ကဋ္ဌဦးခင်မောင်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၂ဝ တက်ရောက်ခဲ့ ကြောင်းသိရသည်။
သုတ(မန္တလေး)