images
UN
UN
လေးပစ်သူ မဖြစ်စေဖို့
မောင်ရေချမ်း Saturday, 28 September 2019
သေခြင်းတရား
သေမင်းဆိုတာ မရှိပါဘူး။ သေခြင်း တရားပဲ ရှိပါတယ်။ သေခြင်းတရားဆို တာ ဝေးဝေးမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခန္ဓာမှာပဲ ရှိနေတာပါ။ လူတွေဟာ သေ မျိုးတွေပါ။ လူသာမဟုတ်ပါဘူး။ ရုပ်နာမ် ခန္ဓာရှိကြတဲ့ သတ္တဝါတိုင်းဟာ သေမျိုး တွေချည်းပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အကြောင်းတစ်ခုခုနဲ့ သေ ကြရမှာဖြစ်ပါတယ်။ ပြီးတော့ သေခြင်း တရားဟာအဝေးမှာမရှိပါဘူး။ ကိုယ့်အနီး ကလေးမှာပါ။ ဒါကြောင့် မြတ်စွာဘုရား က သေခြင်းတရားဟာ မနက်ဖြန်ထက် ပိုပြီး မြန်တယ်လို့ ဟောပါတယ်။ လူ တွေဟာ မွေးလာကတည်းက သေကြရ မှာမှန်းသိလျက်နဲ့ သေဖို့အတွက် ပြင်ဆင် ကြတာနည်းပါတယ်။ လောဘ၊ ဒေါသ၊ မာန်မာနတွေ ဖုံးလွှမ်းပြီး တစ်နေ့တစ်နေ့ နေဖို့အတွက်ပဲ ပြင်ဆင်နေကြတာများပါ တယ်။
ဗုဒ္ဓဘာသာအယူဝါဒအရ ဒီဘဝသေ ပြီးရုံနဲ့ မပြီးဆုံးသေးပါဘူး။ နောင်ဘဝ နောင်ဘဝဆိုတာတွေ ရှိနေပါသေးတယ်။ နောင်ဘဝဆိုတာတွေကိုတော့ မြင်နိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ နောင်ဘဝရှိနေတာ တော့ သေသေချာချာ သိနေပါတယ်။ လူ့ဘုံ၊ နတ်ဘုံ၊ အပါယ်လေးပါးဘုံတွေ ပါ။ လူပြန်ဖြစ်မလား။ နတ်ဘဝရောက်ပြီး နတ်ဘုံနတ်နန်းနဲ့ စံရမလား။ အပါယ် ငရဲပဲကျသွားမလားဆိုတာကတော့ ဒီဘဝ မှာပြုလုပ်တဲ့ ကိုယ့်အပေါ်မှာပဲမူတည်ပါ တယ်။ ကောင်းတာတွေလုပ်ရင်တော့ ကောင်းတဲ့ဘုံဘဝတွေကို ရောက်မှာပါ။မကောင်းတဲ့အကုသိုလ်တွေကို များများ လုပ်ရင်တော့ မကောင်းတဲ့အပါယ်လေး ပါး၊ ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်၊ အသူရကာယ် စတဲ့ ဘုံဘဝတွေရောက်သွားမှာ သေချာ ပါတယ်။
လူတွေဟာ ကောင်းတာတွေလည်း လုပ်တယ်။ မကောင်းတာတွေလည်း လုပ် ကြတဲ့အတွက် သုံးဆယ့်တစ်ဘုံမှာ ဟို ရောက်ဒီရောက်နဲ့ ကျင်လည်နေကြရတာ ပါ။ အစဆိုတာလည်း မသိပါဘူး၊ အဆုံး ဆိုတာလည်း မသိပါဘူး။ အစမသိ အဆုံး မသိတဲ့ သံသရာမှာလည်နေကြရတာပါ။ နိဗ္ဗာန်ရောက်မှပဲ ဘဝတွေ အဆုံးသတ်မှာ ဖြစ်ပါတယ်။
လူဟာ သေပြီဆိုရင်တော့ ရုပ်ရော နာမ်ရော ပျက်စီးသွားတာပါ။ ဒါပေမဲ့ ကိုယ်ပြုလုပ်ခဲ့တဲ့ ကံကလေးကတော့ ကျန်ရှိ နေပါတယ်။ ဒီကံကလေးဟာ ဒီဘဝ လူသေသွားပေမယ့် ပျောက်မသွား ပါဘူး။ နောက်ဘဝတစ်ခုမှာ သွားပြီး သန္ဓေတည်ပါတယ်။ ဒီကံကလေးဟာ ဝိညာဉ်လည်း မဟုတ်ပါဘူး။ လိပ်ပြာတို့ တန်ခိုးရှင်တို့ဆိုတာလည်းမဟုတ်ပါဘူး။
ဒီဘဝ နောင်ဘဝတွေက ကိုယ်လုပ်ခဲ့တဲ့ ကံသက်သက်မျှသာဖြစ်ပါတယ်။ ကောင်း တာတွေ ကုသိုလ်တွေများများလုပ်ခဲ့ရင် တော့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံဆိုတဲ့ ကောင်းတဲ့ သုဂတိ ဘုံတွေကိုရောက် မှာပါ။ မကောင်းတာတွေအကုသိုလ်တွေ များများလုပ်ခဲ့ရင်တော့ ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်၊ အသူရကာယ်ဆိုတဲ့ ဒုက္ခတိ ဘုံတွေကို ရောက်မှာသေချာပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ အယူဝါဒဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ် မယ်ဆိုတဲ့ အလွန်ရိုးစင်း မှန်ကန်တဲ့ သဘာဝတရားပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ တွေမှာ ကံဆိုတာရှိပါတယ်။ နောင်ဘဝ ဆိုတာရှိပါတယ်။ ဘဝတွေအဆုံးသတ် သွားတဲ့ နိဗ္ဗာန်ဆိုတာရှိပါတယ်။
သေဆုံးပြီးတဲ့နောက်မှာတော့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတွေ ရောက်ရင်တော့ အလွန်ကောင်းပါတယ်။ ဒါတောင် အို နာ သေဘေးက မလွတ်ပါဘူး။ ကုသိုလ် ကံကလေးကုန်သွားပြီဆိုရင် သေဆုံးတဲ့ အခါ အပါယ်လေးဘုံကို ရောက်သွားနိုင် ပါသေးတယ်။ သတ္တဝါတွေဟာ သေဆုံး တဲ့အခါ သုဂတိဘုံကိုရောက်ကြရတဲ့သူ တွေဟာ အလွန်နည်းတယ်။ ဒုက္ခတိဘုံကို ရောက်သွားကြသူတွေသာ အလွန်များ တယ်လို့ မြတ်စွာဘုရားက လက်သည်းခွံ ပေါ်က ဖုန်မှုန့်ကလေးနဲ့ မဟာပထဝီမြေ ကြီးက ဖုန်မှုန့်တွေကို နှိုင်းယှဉ်ပြီး ရဟန်း တော်တွေကို ဟောကြားခဲ့တာရှိတယ်။
မမြင်ရတဲ့ ဘုံဘဝတွေကို အသာ ထားပြီး ကိုယ်တိုင်မြင်တွေ့နေရတဲ့ လူ့ဘုံ ဘဝကိုပဲ စဉ်းစားကြည့်ရင် သုဂတိဘုံ ဖြစ်တဲ့လူ့ဘဝဆိုတာ အလွန်ရခဲတယ်တဲ့။ ရခဲလှတဲ့ ဒုလ္လဘတရား ငါးပါးထဲမှာ မနုဿတ္တဘာဝေါ ဒုလ္လဘောလို့ ဘုရား ဟောခဲ့တယ်။ ကမ္ဘာကြီးမှာ လူတွေ ဒီ လောက်များနေတာ၊ အခုပဲ လူဦးရေက ၇ ဒသမ ၇ ဘီလီယံကျော်ရှိနေပြီ ဆက်ပြီး တိုးနေဦးမှာဆိုပြီး တချို့က မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ အပါယ်လေးဘုံကိုရောက်နေတဲ့၊ ကိုယ်လည်းမြင်နေရတဲ့တိရစ္ဆာန်တွေကိုပဲ ကြည့်ရင် ပုရွက်ဆိတ်တွင်းတစ်တွင်းမှာ အကောင်ပေါင်း ထောင်သောင်းမကရှိနေ ပါတယ်။ တစ်ကမ္ဘာလုံးမှာဆိုရင် ပုရွက် ဆိတ်တွင်းပေါင်း မရေတွက်နိုင်အောင် ရှိနေမှာပါ။ ပြီးတော့ ငါးမကြီးတစ်ကောင် ဥထားတဲ့ ဥတစ်မြွှာတည်းမှာတောင် ငါး ဥကလေးတွေဟာ သိန်းသန်းမက ရှိနေ တာ တွေ့ရပါမယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း အင်းအိုင် တွေထဲမှာ ငါးမ ပေါင်း မရေတွက်နိုင် အောင် ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် လူ့ဘဝကို ရတာဟာ လက်သည်းခွံပေါ် က မြူမှုန်ကလေးလောက်ရှိပြီး တိရစ္ဆာန် ဘဝတစ်ခုတည်းနှင့် နှိုင်းယှဉ်ရင် တောင် အလွန်နည်းတယ်လို့ ပြောရမှာပါ။
ရခဲလှတဲ့ လူ့ဘဝကို ရခဲ့ကြပေမယ့် လူချင်းမတူတာတွေအများကြီးပါ။ တချို့ က လူသာဖြစ်လာတယ် ခြေလက်အင်္ဂါ မစုံသူတွေ၊ ဆွံ့အနားမကြားသူတွေ၊ မျက် မမြင်တွေ မွေးကတည်းက ပါလာကြပါ တယ်။ ခြေလက်အင်္ဂါစုံသည့်တိုင်တချို့က ရုပ်ချောတယ်၊ တချို့ကရုပ်ဆိုးတယ်။ တချို့ကအလွန်ချမ်းသာတယ်။ တချို့က အလွန်ဆင်းရဲတယ်။ တချို့က စိတ် ကောင်း နှလုံးကောင်းရှိတယ်။ တချို့က အလွန်ရိုင်းစိုင်းတယ် စသည်စသည်ဖြင့် မတူတာတွေအများကြီးပါ။ ကိုယ်ပြုလုပ် ခဲ့တဲ့ကောင်းမှုကံ၊
မကောင်းမှုကံရဲ့အကျိုး ပေး တွေပါ။ ဒါပေမဲ့ တူတာတစ်ခုတော့ ရှိပါတယ်။ မွေးကတည်း ကသေမိန့်ပါ လာကြပြီး တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေ ရာရာမှာ အကြောင်းတစ်ခုခုနဲ့ အားလုံး သေကြရမှာပါ။
သေခြင်းတရားဆိုတာ သန္ဓေတည်စ မိခင်ရဲ့ဝမ်းထဲမှာ သေနိုင်တာရှိသလို မွေး ဖွားပြီးစလည်း သေတာ ရှိပါတယ်။ ကလေးဘဝမှာလည်း သေကြတာတွေရှိ သလို လူငယ် လူရွယ် လူလတ်ပိုင်းမှာ လည်းသေကြတာတွေရှိပါတယ်။အသက် ကြီးလာပြီဆိုရင်တော့ သေဖို့နီးလာပြီလို့ သိရပါမယ်။ ဒါကြောင့် လူ့ဘဝကိုရလာ ပေမယ့် လူ့ဘဝဆိုတာ ခဏကလေးပါ။ ကန်ရေပြင်ထက်က ရေပွက်ပမာလိုပါပဲ။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် သေရမှာကို သိနေ သော်လည်း သေရမှာကိုတော့ အလွန် ကြောက်ကြပါတယ်။ တိရစ္ဆာန်တွေ တောင် သေရမယ်မှန်းသိရင် အလွန် ကြောက်လန့်ကြပါတယ်။ သေဖို့ဖြစ်လာ ပြီဆိုရင်တော့ ဘယ်သူမှ မကယ်နိုင်ပါ ဘူး။ မိဘကလည်း အလွန်ချစ်တဲ့ သား သမီးကို မကယ်နိုင်သလို သားသမီးက လည်း မိဘကို မကယ်နိုင်ပါဘူး။ ဆရာ ဝန်တွေလည်း မကယ်နိုင်ပါဘူး။ သူတို့ ကိုယ်တိုင်လည်း သေနေကြရတာပါပဲ။ သေခြင်းတရားကို အကျဉ်းချုပ်လိုက်ရင် တော့ လေးမျိုးရှိပါတယ်။
(၁) သက်တမ်းစေ့၍သေခြင်း၊
(၂) ကံကုန်၍သေရခြင်း၊
(၃) သက်တမ်းလည်းစေ့ ကံလည်း ကုန်၍ သေရခြင်း၊
(၄) သက်တမ်းရော ကံပါ ရှိပါသေး လျက်နဲ့ ကြားကံတစ်ခုခု၊ ဥပမာ ဥပစ္ဆေဒက ကံကြောင့်သေရခြင်း။
မြတ်စွာဘုရားဟာ လူသားစင်စစ်က ဖြစ်တဲ့ လူသားဘုရားဖြစ်ပါတယ်။ ဒါပေ မဲ့ သာမန်လူတော့မဟုတ်ပါဘူး။ အလွန် ထူးခြားမြင့်မြတ်သူဖြစ်ပါတယ်။ မြတ်စွာ ဘုရားသည်ပင်လျှင် သေဘေးကို ရှောင် လွှဲလို့ မရပါဘူး။ မြတ်စွာဘုရားဟာ သက်တော် ၈ဝ မှာ ပရိနိဗ္ဗာန်စံပါတယ်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံစဉ်က လူတွေရဲ့ သက်တမ်းဟာ နှစ် ၁ဝဝ ဖြစ်ပါတယ်။ ဆုတ်ကပ်ဖြစ်တဲ့အတွက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ပိုင်း နှစ် ၁ဝဝ မှာ တစ်နှစ် ဆုတ်ဆုတ်သွားပါတယ်။ ယခု အခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခဲ့တာ နှစ်ပေါင်း ၂၆ဝဝ ကျော်ရှိပါပြီ။ ဒါကြောင့် လူ့ရဲ့သက်တမ်းဟာ ၁ဝဝ ထဲက ၂၆ နှစ် နုတ်လိုက်ရင် ၇၄ နှစ်ပဲ ရှိပါတော့ တယ်။ အသက် ၇၄ နှစ် ရှိနေသူတွေ ဟာ သက်တမ်းစေ့နေပြီ သက်တမ်းကုန် နေပြီလို့ ပြောရပါမယ်။Expire date ရောက်နေပြီလို့ ဆိုရပါမယ်။ ဆေးဝါးတွေ စားသုံးကုန်ပစ္စည်းတွေ သက်တမ်းကုန် နေပြီ၊