images
UN
UN
ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ရိုးဆန်း Saturday, 28 September 2019

မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ယနေ့တွင် မြို့မရပ်ကွက် ကန်သာယာဓမ္မာရုံ၌ ပြုလုပ်သော တော်သလင်းလကွယ် နေ့ ဥပုသ်သီတင်းပတ် သီလတရား ပွဲတွင်တက်ရောက်၍ ဝါဆိုသင်္ကန်း နှင့် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ သည်။
ယင်းတရားပွဲကို ပုသိမ်ကြီးမြို့ ကန်သာယာရပ်ကွက်နေ သီလပွဲ ကုသိုလ်ရှင် ဦးခင်မောင်ဝင်း- ဒေါ်သင်းသင်းအောင် မိသားစုက မတည်၍ ရပ်ကွက်သူ ရပ်ကွက် သားများ၏ အများကောင်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး နိဂြောဓာရုံ ကျောင်းဆရာတော် ပုသိမ်ကြီးမြို့ နယ်သံဃနာယကအဖွဲ့အကျိုးတော် ဆောင် ဥူးပညာဝုဓက သီလပေး တရား ချီးမြှင့်ခဲ့သည်။ တရားပွဲသို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာ ရေးမှူး ဦးဝင်းနိုင်၊ မြို့မရပ်ကွက် ဥက္ကဋ္ဌ ဦးဟန်မင်းနှင့် အမှုဆောင် များ တက်ရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။