images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ
သုတ(မန္တလေး) Saturday, 28 September 2019
ဝမ်းတွင်းမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီတွင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်၉နာရီမှ ၉နာရီခွဲအထိ မြို့နယ်ပါတီရုံးခန်းမ ၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင် တက်ရောက်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုဖွင့်လှစ်ပြီးနောက် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် မိတ္ထီလာခရိုင် ပါတီနယ်မြေတာဝန်ခံဦးရွှေနန်းက ဆွေးနွေးပွဲကျင်းပ ရခြင်းရည်ရွယ်ချက်နှင့်ဆွေးနွေးပွဲအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း မောင်၊တိုင်းဒေသကြီး ပါတီကော် မတီဝင်များဖြစ်ကြသောဦးမျိုးမြင့်၊ ဦးမိုးမြင့်သိန်း၊ ဦးရွှေနန်း၊ ဦးကျော် စန်း၊ မိတ္ထီလာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ပါတီကော်မတီ ဝင်များ၊ ဝမ်းတွင်းမြို့နယ် ပါတီ ဥက္ကဋ္ဌဦးမျိုးမြင့်သိန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမောင်မောင်ချို နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ လူငယ် အဖွဲ့ဝင်များ၊အမျိုးသမီးအဖွဲ့ဝင်များ အပါအဝင် စုစုပေါင်းအင်အား၁၆ဝ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ပါတီ တွင်းဆွေးနွေးပွဲကို ယနေ့နှင့် ယခု လ ၂၉ရက်တို့တွင် နံနက် ၉နာရီမှ ညနေ၄နာရီအထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ် ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ အတွင်း ရေးမှူး၊မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ၊လူငယ်နှင့်အမျိုးသမီး အဖွဲ့ဝင်များ တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။