images
UN
UN
ရန်ကုန်ဆေးတက္ကသိုလ်(၁)နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ မြင်းမူမြို့နယ်တွင် ကွင်းဆင်းသုတေသနစစ်တမ်းများကောက်ယူ
အောင်စိုးဖေ(မြင်းမူ) Tuesday, 01 October 2019
ပြည်သူများ၏ကျန်းမာရေး လိုအပ်ချက်များကို ထိရောက်စွာ ရောဂါရှာဖွေခြင်း၊ ကုသပေးခြင်း များပိုမိုဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှကျောင်း သား ကျောင်းသူများသည် စက် တင်ဘာ ၂၅ရက်မှစ၍ စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်း မူမြို့နယ်အတွင်း ကျန်းမာရေးဆိုင် ရာများနှင့်ပတ်သက်၍ ကျန်းမာ ရေးဆိုင်ရာသဘောတူညီချက်ပုံစံ များကောက်ယူခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခု စစ်တမ်းကောက်ယူရေး အဖွဲ့မှာ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဆိုင်ရာ သုတေသနလုပ်ငန်းများပြု လုပ်ရာတွင် ပြည်သူများ ပါဝင်ရန် သဘောတူညီမှုပုံစံ စစ်တမ်း ကောက်ယူခြင်းဖြစ်ကြောင်း၊ မြင်းမူ မြို့နယ် မိခင်နှင့်ကလေးကျန်းမာ ရေးဌာနမှ သိရသည်။ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာကေသီ ခိုင်ဦးစီးသော ရန်ကုန်ဆေးတက္က သိုလ်(၁)မှနောက်ဆုံးနှင့်ကျောင်း သားသူတို့သည် စက်တင်ဘာ ၂၅ ရက်မှစ၍စစ်တမ်းများစတင်ကောက် ယူခဲ့ကြရာယခုအခါမြို့နယ်အတွင်း ရှိ ကျေးရွာများသို့သွားရောက်၍ စစ်တမ်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ယင်းစစ်တမ်းကောက်ယူရေး အဖွဲ့တွင် ဆေးတက္ကသိုလ်ကျောင်း သား ကျောင်းသူ ၁၂ဦး ပါဝင်ပြီး မြို့နယ်မိခင်နှင့် ကလေးကျန်းမာ ရေးဌာနမှ သားဖွားဆရာမများ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ များမှတာဝန်ရှိသူများနှင့်ပူးပေါင်းကာ သတ်မှတ်ထားသော ကျေးရွာများ တွင်စက်တင်ဘာ၂၅ရက်မှအောက်တို ဘာ ၈ရက်ထိ ၁၄ရက်ကြာ ဆောင် ရွက်သွားကြမည်ဖြစ်ကြောင်း သိရ သည်။