images
UN
UN
ငြိမ်းချမ်းရေး၏အသီးအပွင့်(ကဗျာ)
Wednesday, 02 October 2019
* လွတ်လပ်စ ဝယ်
ပြည်နယ်တောင်းမှု အစပြု၍
ဆယ်စုများစွာ တိုက်ခဲ့ပါလည်း
အရာမထင် ပြည်နယ်ခွင်သာ
မီးပင်လယ်ဖြစ် နောက်ကျန်ရစ်ခဲ့
ဆန်းစစ်သရွေ့ မှားသာတွေ့ခဲ့
ရှေ့တိုးမရ အနုတ်ပြသည်
ကာလခြောက်ဆယ်ကျော်ခဲ့ပြီ။
* ခြောက်ဆယ်ကျော်မှ ခွင့်ကြုံရ၏
ပျပျရေးရေး ဟိုဝေးဝေးမှာ
ဖွေးဖွေးဖြူစင် ချိုးငှက်မြင်ပြီ
သံလွင်ချိုတေး ရင့်ရူကြွေးလျက်
ငြိမ့်လေးညင်သာ ပျံသန်းလာပြီ
ကြိုမှာလေလား နှင်မှာလား။
ဆွေးနွေးသံလား ဗုံးသံလား။
* ဗုံးသံမလို ချိုးဖြူကြို၍
မည်းညိုနယ်မြေ ဖြူလွှမ်းစေအံ့
လေပြည်ညင်းညင်း ပန်းသင်းသင်းနှင့်
ခြေခင်းလက်သာ မျှော်မှန်းရာကို
သာတူညီမျှ ခုခါရလိမ့်
ဆန္ဒတူညီ ယုံကြည်ဝံ့ရဲ
စစ်နှင့်လွဲကာ စားပွဲပေါ်မှာ
အဖြေရှာသော်
အနာဂတ်လျှင် ပန်းခင်းတည်း။
ကို(တက္ကသိုလ်)