images
UN
UN
အိန္ဒြာကျော်ဇင်သန္တာလှိုင်တို့ DAKS ၏ ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်တွင် ပါဝင်ဆင်နွှဲ
သွန်းလေး Thursday, 03 October 2019
DAKS ၏ (၁၂၅)နှစ်ပြည့် အထိမ်းအမှတ်ကို မြန်မာနိုင်ငံတွင် လည်းဆင်နွှဲလိုသောရည်ရွယ်ချက် ဖြင့် DAKS မှ မျိုးရိုးအစဉ်အဆက် အနုပညာအမွေအနှစ်ကို မိသားစု ဝင်ကြားလက်ဆင့်ကမ်းခဲ့ကြသော အနုပညာရှင်များဖြစ်သည့် အိန္ဒြာ ကျော်ဇင်နှင့်တူမလေး မေတိုးခိုင်၊ သန္တာလှိုင်နှင့် မောင်ဖြစ်သူအဆို တော်ဘာဘူတို့နှင့် DAKS (၁၂၅) နှစ်ပြည့်အထိမ်းအမှတ် ကမ်ပိန်း အသစ်အတွက် ဓာတ်ပုံရိုက်ကူးခဲ့ ကြသည်။
ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ အိန္ဒြာကျော်ဇင်က တူမလေးဖြစ်သူ တက်သစ်စသရုပ်ဆောင်မေတိုးခိုင် နှင့်အတူ DAKS Fashion ကမ် ပိန်းအစီအစဉ်တွင် ပါဝင်ဖြစ်ရခြင်း နှင့်စပ်လျဉ်း၍ “DAKS အမှတ် တံဆိပ်အတွက် Photo-Shoot လေးလုပ်ဖြစ်ခဲ့ပါတယ်။ ဒီရိုက် ကွင်းလေးကတော့ အူဝဲတူမလေး မေတိုးခိုင်နဲ့အတူတူ ရိုက်ကူးဖြစ်ခဲ့ တဲ့အတွက် ထူးခြားတယ်လို့ပြော လို့ရပါတယ်။ ပြီးတော့ DAKS အဝတ်အစားတွေကလည်း ဒီလို ရာသီဥတုအတွက် အရမ်းသက် သောင့်သက်သာဖြစ်တယ်။DAKS လို ကမ္ဘာကျော်ဖက်ရှင်အမှတ် တံဆိပ်တစ်ခုရဲ့ (၁၂၅)နှစ်ပြည့် အထိမ်းအမှတ်အစီအစဉ်မှာ ပါဝင် ခွင့်ရတာ အူဝဲအတွက် ဂုဏ်ယူ စရာပါ''ဟုပြောခဲ့သည်။
DAKS မှ ¤င်းတို့၏ နောက် ဆုံးပေါ် ၂ဝ၁၉ ခုနှစ် နွေရာသီ၊ နွေဦးအသစ်စက်စက်အဝတ်အထည် များကို သေချာဒီဇိုင်းထုတ်လုပ်ခဲ့ ပြီး ဒီဇိုင်းပိုင်းတွင် ၄င်းတို့၏ နာမည်ကျော်ထင်ရှားသောအကွက် ဒီဇိုင်းကို နွေဦးရာသီကိုယ်စားပြု အရောင်များဖြစ်သော လိမ္မော် ရောင်၊ ပန်းဆီရောင်၊ အဝါဖျော့နှင့် စိမ်းပြာရောင်များ အစရှိသည်တို့နှင့် လှပတင့်တယ်စွာ ပေါင်းစပ်ဖန် တီးထားခြင်းဖြစ်သည်။
''အစီအစဉ်ကတော့ ကျွန်မရဲ့ မောင်လေးဘာဘူနဲ့အတူ DAKS အဝတ်အစားအမှတ်တံဆိပ်အတွက် ဓာတ်ပုံရိုက်ကွင်းလေးရိုက်ဖြစ်ပါ တယ်။ DAKS (၁၂၅)နှစ်ပြည့် ကမ်ပိန်းရဲ့ အဓိကအနှစ်သာရက တော့ အမွေအနှစ်ပါ။ အရင်ထဲက ခေတ်အဆက်ဆက် ဖက်ရှင်အမွေ အနှစ်ကို မီးမောင်းထိုးပြချင်တာ ပေါ့။ မြန်မာလူမျိုးတွေအတွက် မိသားစုဆိုတာ အမွေအနှစ်ဖြစ်ပါ တယ်။ သူတို့ရဲ့ ထူးခြားတဲ့အမှတ် တံဆိပ်အကြောင်းကို မြန်မာနိုင်ငံ က လူတွေကို သိစေချင်တယ်''ဟု သန္တာလှိုင်ကပြောကြားခဲ့သည်။
DAKS ကမ်ပိန်း ဓာတ်ပုံရိုက် ကွင်းကို ရန်ကုန်မြို့ ဆရာစံလမ်း၌ တည်ရှိသော Le Planteur Restaurant & Lounge စားသောက် ဆိုင်၏ ပန်းခြံအတွင်း ရိုက်ကူး ခဲ့သည်။