images
UN
UN
သရုပ်ဆောင်ရတနာခင် ရဲ့ တတိယမြောက် ရွှေ-အာဟာရ(တန်ဖိုးသင့်စားဖွယ်စုံ)ဆိုင်ခွဲဖွင့်
အဖြူရောင် Thursday, 03 October 2019
အများပြည်သူများအဆင်ပြေစေရန်ရည်ရွယ်၍ဖွင့်လှစ်ထားသော ကိုစိုးလှိုင်ဦးနှင့် သရုပ်ဆောင်ရတနာခင်တို့၏ တတိယမြောက် ရွှေ- အာဟာရ (တန်ဖိုးသင့်စားဖွယ်စုံ) ဆိုင်ခွဲကို အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၃၃၊ ၃၄ လမ်း ကြား အမှတ်(၁၇၈)၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
''ခေတ်ကာလအရ ဈေးနှုန်းတွေတက်ပေမယ့်လည်း အရင်ဈေး နှုန်းနဲ့ပဲရောင်းချပေးပါတယ်။ အခြေခံလူတန်းစားတွေ စားသုံးနိုင်ဖို့ ဈေးနှုန်းကိုတော့ မတက်သေးပါဘူး။ ဆိုင်ခန်းခတော့ အိတ်စိုက် ပါတယ်။အရင်ကတော့ ဝန်ထမ်းစရိတ်ပါစိုက်ရတယ်။ ခုက သေသေ ချာချာစိစစ်လုပ်ဆောင်တာမို့ ဆိုင်ခန်းခတော့ စိုက်စရာမလိုတော့ပါ ဘူး။ ဈေးသက်သာတယ်ဆိုပြီးတော့ ပြီးစလွယ်မဖြစ်အောင်ရောင်း ချပေးပါတယ်''ဟု သရုပ်ဆောင်ရတနာခင်က ပြောသည်။
ဆိုင်တွင် နံနက်ခင်း အစားအစာ၊ မြန်မာထမင်းဟင်း၊ တရုတ်စာ စသည်တို့ကို တစ်ခါပြင်ကျပ် ၅ဝဝဖြင့်သာ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။ ထမင်းလိုက်ပွဲတစ်ပွဲလျှင် ကျပ် ၁ဝဝ၊ ကျပ် ၈ဝဝ၊ အဝစား ကျပ် ၁ဝဝဝ မှ ကျပ် ၁၅ဝဝ အပြင် တရုတ်အစား အစာများကို နှစ်ယောက်စာအနေဖြင့် ကျပ် ၁၈ဝဝ သတ်မှတ်ထား ကြောင်း၊ ဆိုင်ခွဲများထပ်မံဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။