images
UN
UN
သနားကြင်နာတတ်တဲ့ ဘုန်းမြတ်သွေးအဖြစ် ပပဝတီစီရင်ခန်းမှာ တွေ့မြင်ရမယ့် သရုပ်ဆောင် အလင်းရောင်
အဖြူရောင် Thursday, 03 October 2019
သရုပ်ဆောင်အလင်းရောင်ကိုတော့ ပပဝတီစီရင် ခန်းရုပ်ရှင်ဇာတ်ကားကြီးမှာ သနားကြင်နာတတ်တဲ့ ဘုန်းမြတ်သွေးအဖြစ်ပရိသတ်ကတွေ့မြင်ရမှာဖြစ်သည်။
အဓိကအမျိုးသမီးဇာတ်ဆောင်နှစ်ဦးရဲ့ အားပြိုင် သရုပ်ဆောင်မှုတွေကြားမှာ သရုပ်ဆောင်အလင်းရောင် ရဲ့ ကျရာနေရာကနေ ပီပြင်စွာပံ့ပိုးသရုပ်ဆောင်မှုတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
''ဒီကားမှာတော့ သနားကြင်နာတတ်တဲ့ဘုန်း မြတ်သွေးဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ နောက် မမိုးဟေကိုရဲ့အစ်ကိုတစ်ယောက်အနေနဲ့ပါဝင်ပြီး သရုပ် ဆောင်ထားပါတယ်။ နာမည်ကြီးမင်းသမီးနှစ်ယောက် အားပြိုင်တဲ့ဇာတ်ဆိုတာအခုနောက်ပိုင်းမှာသိပ်မတွေ့ ရတာများတယ်။ဒီကားမှာက အဓိကသရုပ်ဆောင် အနေနဲ့ ပါဝင်ထားတာမဟုတ်ဘူး။ ဒါပေမဲ့မင်းသမီး နှစ်ယောက်ကို ကျရာနေရာက ဇာတ်ပို့အနေနဲ့ပံ့ပိုးပေး ရတဲ့နေရာကနေ သရုပ်ဆောင်ထားတာပါ။ ဘယ်လို ကွာခြားလဲဆိုတော့ အဓိကတော့ ကိုယ့်အတွက် ပေးထားတဲ့ ဇာတ်ကောင်နေရာမှာသစ္စာရှိဖို့လိုတယ် လို့ထင်တယ်။ အဓိကဇာတ်ကောင်ပဲဖြစ်ဖြစ်၊ ဇာတ်ပို့ပဲ ဖြစ်ဖြစ် ဇာတ်ရဲ့အနှစ်သာရမပျက်သွားအောင် ကိုယ့် တာဝန်ကိုယ်ကျေရင်တော့ ဘယ်ဇာတ်မဆိုအကောင်း ဆုံးဖြစ်မယ်လို့ထင်ပါတယ်''ဟု သရုပ်ဆောင်အလင်း ရောင်က ပြောပါတယ်။
ဖွေးဖွေးနဲ့ မိုးဟေကိုတို့နှစ်ဦးရဲ့ အပြိုင်သရုပ် ဆောင်မှုတွေထဲက ကြိုက်နှစ်သက်တဲ့ဇာတ်ဝင်ခန်းတွေ ကိုလည်း ''ကျွန်တော်ကြိုက်တဲ့အခန်းဆိုရင် မဖွေး ငယ်ဘဝပေါ့နော်။ ရုပ်ဆိုးတာအချိန်မှာသူသရုပ်ဆောင် သွားတဲ့တော်တော်များများပေါ့ ကျွန်တော်ကြိုက်တယ်။နောက် မမိုးဟေကို၊ မဖွေးပြန်ရောက်လာပြီဆိုတဲ့အချိန် မှာ သူ ငါးစာကျွေးရင်းဖြစ်သွားတဲ့မျက်နှာမျိုးလည်း သဘောကျပါတယ်''လို့ ပြောပြသွားခဲ့ပါတယ်။
ယခုဇာတ်ကားထဲမှာ ပရိသတ်တွေကိုပေးချင်တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့လည်း Message က တော့ ကိုယ့်ကိုဘုရားကပေးထားတာထက် ပိုလိုချင် ရင် ဆိုးကျိုးတွေလည်းရလာနိုင်တယ်ဆိုတဲ့ Message ပေါ့နော်။ ပရိသတ်တွေ ပညာရမယ့်ကားတစ်ကားလို့ ကျွန်တော် ထင်ပါတယ်'' လို့ အလင်းရောင်က ပြော ပါတယ်။