images
UN
UN
လှည်းကူးမြို့နယ်၌ ရပ်ထားသော ယာဉ်အားဝင်တိုက်မိ၍ တစ်ဦးသေဆုံး
ချယ်ရီစိုး(ကျောင်းကုန်း) Thursday, 03 October 2019
ရန်ကုန်မြောက်ပိုင်းခရိုင်လှည်း ကူးမြို့နယ်၌ ယနေ့နံနက်၂နာရီ၁၅ မိနစ် ရန်ကုန်-ပဲခူးလမ်းအတိုင်း (ထောက်ကြန့်ဘက်မှ လှည်းကူး ဘက်သို့)ဆိုင်ကယ်မောင်းနှင်သူ ဇင်ကိုလတ်၊ မဇင်(၁)လမ်းအလယ် ကုန်းရပ်ကွက် ပဲခူးမြို့နယ်နေသူ မောင်းနှင်ပြီး နောက်မှ သီဟဖြိုး ဇော် ရပ်ကွက်ကြီး(၈) ဥဿာမြို့ သစ် ပဲခူးမြို့နယ်နေသူနှင့်ထက်ဖြိုး ဇော် အိုးလေးစုရပ်ကွက် ပဲခူး မြို့နယ်နေသူတို့ လိုက်ပါစီးနင်း လာသော နံပါတ်မပါ DAYANG-110အမျိုးအစားအနက်ရောင်ဆိုင် ကယ်သည် လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စုမိုင်တိုင် အမှတ်(၃/၁)၊ရဲရဲတောက်ဖရဲသီး အရောင်းဆိုင်ရှေ့အရောက်တွင် လမ်းဘေးတွင်ရပ်ထားသော ယာဉ် မောင်စိုးမြင့် ပခုက္ကူမြို့နယ်နေသူ မောင်းနှင်သည့်ယာဉ်အမှတ် 2B/----နစ်ဆန်းဒီဇယ်ထရပ်အဖြူရောင် ယာဉ်အား နောက်မှဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ဇင်ကိုလတ် တွင် နဖူးပေါက်ပြဲဒဏ်ရာ ရရှိကာ ဆိုင်ကယ်နောက်တွင်ထိုင်စီးသူ သီဟဖြိုးဇော်တွင် ဦးခေါင်းနောက် စေ့ပေါက်ပြဲ၊ နဖူးချိုင့်၊ အပေါ်သွား နှစ်ချောင်းကျိုးဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံး ခဲ့ပြီး ထက်ဖြိုးဇော်တွင် ဝဲမျက်ခုံး ပေါက်ပြဲ၊ဝဲတံတောင်ပွန်း၊ဝဲယာဒူး ပွန်းဝဲ/ယာခြေမျက်စိပွန်းဒဏ်ရာ များရရှိကာ လှည်းကူးဆေးရုံသို့ ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ်ပို့ဆောင် ခဲ့သည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူဇင်ကိုလတ် အား လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။