images
UN
UN
ငွေကျပ် ၁၂သိန်းကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများအား အမျိုးသမီးတစ်ဦးထံမှဖမ်းဆီးရမိ
Thursday, 03 October 2019
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း ယမန်နေ့က မူးယစ်ဆေး ဝါးသတင်းအရ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ ငွေကျပ် ၁၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများကို (၅ဝနှစ်)ရှိ အမျိုးသမီးတစ်ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း ဖားကန့်မြို့မရဲတပ်ဖွဲ့ စခန်း၏မှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်က မိုးညှင်းမြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု(၃) ဖားကန့်လှုပ်ရှား တပ်ဖွဲ့စိတ်မှ ရဲအုပ်မျိုးမင်းထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူပူးပေါင်းကာ ဖားကန့်မြို့ နန့်မှော်ကျေးရွာနေ ဒေါ်ခင်ချိုထွန်း(ခ)ခင်ချို(၅ဝနှစ်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်ခင်ချိုထွန်း(ခ)ခင်ချိုအားနေအိမ် တွင် အသင့်တွေ့ရှိပြီး ဆက်လက် ရှာဖွေရာ နေအိမ်အတွင်းမှ အပြာ ရောင်ကပ်ခွာအိတ်ဖြင့် ထည့်လျက် ငွေကျပ် ၁၂၇၅ဝဝဝ ရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား ၂၅၅ ပြားအား ရှာဖွေဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်ကြောင့်မူးယစ်ဆေးဝါး များနှင့်အတူတွေ့ရှိသည့် ဒေါ်ခင် ချိုထွန်း(ခ)ခင်ချို(၅ဝနှစ်) ဖားကန့် မြို့နယ်နေသူအား ဖားကန့် မြို့မ ရဲတပ်ဖွဲ့စခန်းမှမယ(ပ)၂ဝ၂/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။