images
UN
UN
နျူကလီးယားဆွေးနွေးပွဲများမကျင်းပမီ မြောက်ကိုရီးယား ဒုံးလက်နက်လွှတ်တင်
KK (IR) Thursday, 03 October 2019
အမေရိကန်နှင့် မြောက်ကိုရီး ယားအကြား နျူကလီးယားဆွေး နွေးပွဲများ ပြန်လည်ကျင်းပမည်ဟု ကြေညာပြီးနောက်နေ့တွင် မြောက် ကိုရီးယားအနေဖြင့် ရေငုပ်သင်္ဘော မှ လွှတ်တင်ရသောပဲ့ထိန်းစနစ်ဖြင့် လိုရာလမ်းကြောင်းအတိုင်း ပစ် လွှတ်ပြီးနောက် အလွတ်ပျံသန်း၍ ကျရောက်လာသော ဒုံးလက်နက် ကို လွှတ်တင်ခဲ့သည်ဟု တောင်ကို ရီးယားက ယမန်နေ့တွင် ပြော ကြားခဲ့သည်ဟု သိရသည်။
မြောက်ကိုရီးယားသည် ဒုံးလက်နက်များ လွှတ်တင်ခြင်း ဖြင့် ၄င်း၏အရှိန်အဝါကို ပိုမိုကြီး စေသည်ဟု ယုံကြည်နေကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် သံတမန်ဆက်ဆံရေးနှင့် စစ်ရေး လုပ်ဆောင်မှု နှစ်မျိုးစလုံးကို မကြာခဏ လုပ်ဆောင်လေ့ရှိ ကြောင်း ဆန်းစစ်ဝေဖန်သူများက ဆိုသည်။ ယမန်နေ့အစောပိုင်းတွင် ဒုံးလက်နက်ကို ပင်လယ်ပြင် အထက် အမြင့်ဆုံး ၉၁ဝ ကီလိုမီ တာတွင် အရှေ့ဘက်သို့ ဦးတည် ပြီး ၄၅ဝ ကီလိုမီတာခန့်ပစ်တင်ခဲ့ သည်ဟု စုံစမ်းသိရှိရကြောင်း တောင်ကိုရီးယားပူးတွဲကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏တပ်ဖြန့် ထားမှုအရ ရေငုပ်သင်္ဘောနှင့် ပစ်တင်သည့် ပဲ့ထိန်းစနစ်ဖြင့် လိုရာလမ်းကြောင်းအတိုင်း ပစ် လွှတ်ပြီးနောက် အလွတ်ပျံသန်း၍ ကျရောက်လာသော ဒုံးလက်နက် ကို ရည်ညွှန်းလျက် ယင်းဒုံးလက် နက်သည် Pukkuksong ပုံစံများ ထဲမှတစ်ခုဖြစ်ကြောင်း၊ မြောက် ကိုရီးယားအနေဖြင့် တင်းမာမှု မြင့်တက်အောင် လုပ်ဆောင်သည့် ယင်းလုပ်ဆောင်မှုများသည် ကိုရီး ယားကျွန်းဆွယ်တွင် တင်းမာမှုများ လျော့ကျအောင် ကြိုးပမ်းမှုများ အတွက် အထောက်အကူမဖြစ် ကြောင်း၊ ယင်းသို့လုပ်ဆောင်နေမှု များကို ချက်ချင်းရပ်တန့်စေလို ကြောင်း ၄င်းကပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ကိုရီး ယားကျွန်းဆွယ်အခြေအနေကို စောင့်ကြည့်နေကြောင်း ပြောကြား ခဲ့သည်။ ဒုံးလက်နက်များလွှတ် တင်ခြင်းသည် ကုလသမဂ္ဂလုံခြုံ ရေး ကောင်စီကြေညာချက်အရ တားမြစ်ထားသည်ကို ချိုးဖောက် ခြင်းဖြစ်ကြောင်း၊ ယင်းသို့လုပ် ဆောင်မှုကို ၄င်းတို့အနေဖြင့် ဆန့်ကျင်ပြီး ရှုတ်ချပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ပြောကြားခဲ့သည်ဟု သိရသည်။
Ref: CNA