images
UN
UN
မှတ်တမ်းမတင်ထားသော ရွှေ့ပြောင်းသူများအားလုံး၏ DNA ကို အမေရိကန်ကောက်ခံမည်
KK(IR) Thursday, 03 October 2019
အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အတွက် ထိန်းသိမ်းခံထားရသော ရွှေ့ပြောင်းသူများအားလုံး၏ DNA ကို ကောက်ခံသွားမည်ဟု စီစဉ်လျက်ရှိကြောင်း ယမန်နေ့တွင် အရာရှိများက ပြောကြားခဲ့သည်ဟု သိရသည်။
အမိမြေလုံခြုံရေးဌာန(DHS)က မှတ်တမ်းမတင်ထားသော ရွှေ့ပြောင်းလာသူ တစ်ဦးချင်းစီမှ DNA ရယူမည်ဖြစ်ပြီး ရာဇဝတ် မှုဆိုင်ရာ DNA မှတ်တမ်း အမျိုးသားအချက်အလက်စုဆောင်း သည့်မှတ်တမ်းတွင် သိမ်းဆည်းထားမည်ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် လူများကို မှတ်တမ်းတင်ထားနိုင်မည်ဖြစ်သည်။
ယင်းသို့ မှတ်တမ်းတင်ထားနိုင်ရေးအတွက် အခြားသောအဖွဲ့ အစည်းများကလည်း ကူညီဆောင်ရွက်ပေးမည်ဟု အစိုးရအရာရှိများ က ပြောကြားခဲ့သည်။ သို့သော် ယင်းအစီအစဉ်မှာ လုပ်ဆောင်ရန် စီစဉ်နေဆဲအဆင့်ပင်ဖြစ်ပြီး အကောင်အထည်ဖော်မည့်နေရက်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရသည်။ Ref: CNA